Chapter_39

94 9 0
                                    

"အရင်က ကျွန်မတို့ဂိုဏ်းမှာလေ ပြိုင်ပွဲလုပ်ရင် ဒီလောက်ထိလူမများဘူး...မလာတဲ့လူမလာတာနဲ့ မအားကြတာနဲ့ အခုဆိုရင် လူတိုင်းနီးပါးလောက် လာကြတယ်"

တင်ဖန်းယဲ့ကား ယန်ကျန်းလီကို သူမတို့ ဂိုဏ်းအကြောင်းကို ပြောပြနေသည်။ တကယ်က သူမကို မုချင်ရီက သူသွားရင် ယန်ကျန်းလီ ပျင်းနေမည်ကို စိုးရိမ်သောကြောင့် စကားပြောဖော်အဖြစ် ​ခေတ္တခေါ်ထားခြင်း ဖြစ်လေသည်။

"တစ်နှစ်နဲ့ တစ်နှစ်ဆိုတော့ လူပိုများလာတာလား?"

ယန်ကျန်းလီက ​မေးလိုက်သည်။ တင်ဖန်းယဲ့သည်ကား ခေါင်းခါလိုက်သည်။

"အရင်ကတပည့်ဟောင်းတွေက တစ်ခါပြိုင်ပြီးရင် နောက်တစ်ခါပြန်ပြိုင်ဖို့မလာတော့ဘူး။ ဒီနှစ်မှ သူတို့ပါပြန်လာပြိုင်တာလေ"

"သြော်"

ယန်ကျန်းလီကား စိတ်မပါသလို သဘောဖြင့် တစ်ချက်ရေရွတ်လိုက်သည်။

သူတကယ် ဂိုဏ်းအကြောင်းတွေကို နားမလည်သလို သူစိတ်လည်း မဝင်စားပါ။ ထို့အပြင် သူသိစရာလည်း မလိုအပ်ပါလေ။ ဒီတစ်ခေါက် ပြိုင်ပွဲပြီးသွားရင် မုချင်ရီဟာလည်း ဂိုဏ်းသားတစ်ယောက် မဟုတ်တော့ပဲ သူနဲ့....။

နေပါဦး...သူဘာတွေတွေးနေတာလဲ!!

ယန်ကျန်းလီက ချက်ချင်းပင် သူ၏အတွေးအား ဖျက်လိုက်တော့သည်။ သူ တကယ်မုချင်ရီက သူနဲ့အတူ မြေအောက်ဘုံကို ပြန်မည်ဟု တွေးနေမိတာပဲ။ သူဘယ်လိုတောင် စည်းကျော်မိတာလဲ။

"ရှင်အဆင်ပြေရဲ့လား?"

စကားပြောနေရင်းကနေ တစ်ယောက်တည်း ကမ္ဘာပျက်နေသော ယန်ကျန်းလီကို တင်ဖန်းယဲ့က ထူးဆန်းသလို ကြည့်နေမိသည်။ ထို့နောက် သူမက နေများမကောင်းတာလားဆိုပြီး ကိုယ်ပူတိုင်းမလို့ ယန်ကျန်းလီ၏ နဖူးအား စမ်းဖို့ ဟန်ပြင်လိုက်သည်။

သို့ပေသော် ယန်ကျန်းလီက ရှောင်လိုက်လေသည်။
"အာ...ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း အတွေးလွန်နေလို့ပါ"

"ဖြစ်ရမယ်"

တင်ဖန်းယဲ့က ပြုံးလိုက်မိသည်။ ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ ကောင်လေးလဲ။

PortraitMaster(Complete)Where stories live. Discover now