Final Chapter

435 18 0
                                    

မဖြစ်နိုင်တာ... ။

သူ့အချစ်ဦးက ကျန်းလီမဟုတ်ဘဲ သူ့အရှေ့က ယန်ကျင်းချန်တဲ့လား...။

မုချင်ရီ မျက်လုံးအစုံတို့ကား ပြူးကျယ်သွားလေသည်။

ယန်ကျင်းချန်ကား အ့ံသြနေသော သူ၏အရှေ့မှ မုချင်ရီကို ပွေ့ဖက်လိုက်ကာ

"အဲ့​လေးက ကျွန်တော်လေ...ကျေးဇူးပြုပြီး ကျွန်တော်နဲ့ပဲနေရအောင်လေ ငရဲမီးအရှင်ကို ဘုရင်အဖြစ်တက်မြှောက်လိုက်မယ်လေ...ဟိုသုံးယောက်ဆုံးသွားတာလည်း ကျွန်တော်သိတယ်။ ကျွန်တော်..."

ဇွပ်!!

ယန်ကျင်းချန် စကားမဆုံးခင် သူဖတ်ထားသော မုချင်ရီဆီမှ ဓားချက်....။

ထိုဓားချက်က ယန်ကျင်းချန်၏ နှလုံးသားတည့်တည့်သို့....။

"အဆုံးထိ အစ်ကိုက ယန်ကျန်းလီကို ရွေးချယ်ခဲ့တာပဲ"

ယန်ကျင်းချန်က ပြုံးလိုက်လျက် သူ့ကိုထိုးသည့်ဓားကို ဆွဲကိုင်လိုက်ရင်း ပို၍နက်ရှိုင်းအောင် ထိုးလိုက်သည်။

"အစ်ကိုသေချာလို့လား...အစ်ကိုချစ်ခဲ့တာ ယန်ကျန်းလီဆိုတာ.....အစ်ကိုက ကျွန်တော့်ကို မချစ်ခဲ့ဘူးဆိုတာ နကယ်သေချာလို့လား!!ကျွန်တော်က အစ်ကို့အချစ်ဦးလေ ယန်ကျန်းလီက အစ်ကို့အချစ်ဦးမဟုတ်ဘူး!!"

ယန်ကျင်းချန်က အော်ပြောရင်း ငိုလိုက်မိသည်။ မုချင်ရီကကား ဘာစကားမှမဆိုပေ။

"မင်းသာ အသက်ရှိခဲ့ရင်တော့ အဲ့အဖြေကို စဥ်းစားရမယ်..ဒါပေမယ့် အခုက မင်းက ကျန်းလီ ခန္ဓာကိုယ်မှာရှိတဲ့ကပ်ပါးကောင်ပဲ"

"အကယ်၍ ကျွန်တော်သာ အသက်ရှိခဲ့ရင်ရော..."

မုချင်ရီကား မဖြေချေ။ နှုတ်ဆိတ်နေတော့သည်။ မဖြေသော်လည်း အဖြေကို ယန်ကျင်းချန် သ်ိလေသည်။ သူက မျက်ရည်တို့ကို သုတ်လိုက်ရင်းဆ်ိုလေသည်။

"တစ်နေ့...ကျွန်တော် အစ်ကို့ဆီပြန်လာမယ်။ အဲ့ကြ အစ်ကိုတို့နှစ်ယောက်လက်ထပ်ထားရင်တောင် ကျွန်​တော့်အစ်ကို့ဆီက အစ်ကို့ကိုလုယူပြမယ်"

"မင်း!!"

မုချင်ရီက ပြောမည့်အဆုံး၌ ယန်ကျင်းချန်၏ မျက်လုံးတို့က မှတ်ကျသွားလေပြီး အလင်းဖောက်ဓားကလည်း ပုံစံပြောင်းသွားကာ သူ၏နှလုံးအထဲထိ ဝင်သွားလေသည်။ ထို့နောက်တွင်မှ သူ၏ဒဏ်ရာက တစ်ခဏချင်း ပျောက်ကင်းသွားကာ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီ၏ ထိုအလင်းတန်းနှင့်အတူ ယန်ကျန်းလီအစစ် ထွက်ပေါ်လာတော့သည်။ သူ၏အနောက်တွင်တော့ရှင်းမင်ကဲ့သို့ မြေခွေးအမြီးနှင့်။

PortraitMaster(Complete)Место, где живут истории. Откройте их для себя