Chapter_16

81 12 0
                                    

ယင်းတို့လေးဦးသားမှာ အချိန်မည်မျှမကြာလိုက်၊ လက်ဖျောက်တစ်ချက်တီးရုံမျှသာ ကြာသောအချိန်၌ မြေပြင်အထက်သို့ရောက်ရှိလာ၏။ ဖန်းရုံက အပြင်ရောက်ရောက်ချင်း သူအရင်ဦးဆုံးပင် ယာယီပေါ်နေသော စည်းဝိုင်းအတွင်းမှ ထွက်ခွာလိုက်သည်။ ထို့နောက်လီချင်း၊ မုချင်ရီ...ယင်းအနောက်မှ ယန်ကျန်းလီဟာထွက်လာသည်။

သို့ပေသော် စည်းအပြင်သို့ ရောက်ရောက်ချင်း ယန်ကျန်းလီမှာ ခွေလျက်လဲကျမလိုဖြစ်သွားပေမယ့် ဘေးမှမုချင်ရီက ဝင်ထိန်းလိုက်သည်။ ထို့အပြင်မုချင်ရီမှာ ယန်ကျန်းလီနှင့် နီးကပ်စွာရှိနေရင်း ယန်ကျန်းလီ၏ ကိုယ်လုံးမှာ မီးခဲတစ်ခုနှယ် ပူပြင်းလာသည်ကို သိရှိရသည်။

"ကျန်းလီ...အဆက်ပြေရဲ့လား?"

မုချင်ရီက စိုးရိမ်စွာဆိုလိုက်သည်။ လီချင်းလည်း သူ၏စကားကြောင့် ယန်ကျန်းလီဘက်သို့ လှည့်ကြည့်လိုက်ပြီး ဟွန့်ခနဲဖြစ်သွားသည်။

"နေလေး ဘယ်လောက်မှ မပြင်းတာကိုများ အပိုတွေလုပ်နေလိုက်တာ...တကယ်ပါပဲ"

သူမဆီမှ နေဆိုသည့်အသံကြားမှ ဖန်းရုံဟာ ကောင်းကင်ပေါ်သို့ တစ်ချက်မော့ကြည့်လိုက်သည်။ တကယ်လည်း မိုးသောက်ချိန် ဝန်းကျင်မှ နေသိပ်မပြင်းပေ။ သို့ပေသော်လည်း ယန်ကျန်းလီကို ကြည့်ရသည်မှာ အပူဒဏ်ကို ခံစားနေရပြီး နေ့လည်ခင်းအချိန်ဆိုလျှင် အငွေ့တောင် ပျံသွားမလားမသိပေ။ ယင်းအချက်ကြောင့် ဖန်းရုံတစ်ခု သိရှိသွားသည်။ ဖန်းရုံချက်ချင်းပင် သူ၏အပေါ်ရုံအား ချွတ်လိုက်ပြီး ယန်ကျန်းလီအား ပတ်ပေးလိုက်သည်။ ထို့နောက် အခုထိ ပြန်မပေးရသေးသော လီချင်း၏စုတ်တံအား သူမထံပြန်ပစ်ပေးလိုက်သည်။

"ခမောက်ပုံဆွဲပေး"

"ဘာလို့လဲ?!"

လီချင်းက မျက်မှောင်ကျုံ့၍ ဆိုလေ၏။ ထိုအခါ ဖန်းရုံက သက်ပြင်းသက်သက်လေးချလိုက်ပြီး_

"မြေအောက်ဘုံသားတွေက လူ့ပြည်ကနေဒဏ်ကို အကာကွယ်မရှိဘဲ ထိလ်ို့မရဘူး"

ထိုစကားကြောင့် လီချင်းဟာ သူမ၏ ဆရာတူအစ်ကိုအား ကြည့်လိုက်သည်။ သူကလည်း သူမကိုမျက်မှောင်ကျုံ့၍ ကြည့်နေရင်းမှ ခေါင်းဆက်ခနဲငြိမ့်လိုက်သည်။ ထိုအခါမှ လီချင်းလည်း အသက်ဝဝလင်လင် ရှုထုတ်လိုက်ကာ စာရွတ်တစ်ခုအားထုတ်လိုက်ပြီး မြေပြင်ထက်တွင် ဖြန့်ခင်းကာ သူမပါ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့​နောက် ဖန်းရုံပြောသည့် ခမောက်ပုံအား ဖြစ်ကလက်စမ်း ဆွဲလိုက်သည်။ သူမဆွဲဖို့ စိတ်မပါပေ။ သူမဟာ အခုအချိန်မဆွဲပါက သူမ၏ ဆရာတူအစ်ကိုကြီး မုန်းခြင်းကို ခံရနိုင်လေသည်။ အမှန်တကယ် စိတ်ရှိသည့်အတိုင်းဆိုပါက သူမဟာယန်ကျန်းလီအား အငွေ့အဖြစ် ပျောက်ကွယ်သွားစေချင်သည်။ ဘယ်တော့မှ လူဝင်မစားဘဲ..နောက်ဘဝဆိုတာတောင်မရှိဘဲ..ဗလာနတ္ထိအဖြစ်လောကကြီးတွင် ပျောက်ခြင်းမလှပျောက်ကွယ်သွားခြင်းမျိုးသာ။

PortraitMaster(Complete)Where stories live. Discover now