Chapter_8

196 26 0
                                    


အပိုင်း(၈)

ဖန်းရုံလည်း လီချင်းအား မတွေ့တော့သည့်အဆုံး သူကိုယ်သူ အပြစ်တင်ကာ စိတ်ပူမှုနှင့်အတူ မုချင်ရီတို့်ရှိသည်ကို ပြန်လာပြီး လိုက်ရှာစေလေသည်။

ရှင်းမင်လည်း ဖန်းရုံ၏စကားကြောင့် သူမအား ပူပင်သွားလေသည်။ ထိုကိစ္စသည် ယမန်နေ့ညက လူသတ်မှုနှင့် ဆက်စပ်လေမည်ကို ထင်လေရာ ဖန်းရုံလျှပ်တပြတ်ရလာသည်ဆိုသော ရနံ့တစ်ခုအကြောင်းပြောတော့ ပို၍သံသယဖြစ်ဖွယ် ဖြစ်သွားလေ၏။

အနှီရနံ့သည်ကား ခပ်စိမ်းရွှင်ရွှင် အနံ့တစ်ခုဖြစ်ကာ အနံ့ကိုရသည်နှင့် ခါးသက်သော အရသာကိုပါ ခံစားရလေ၏။

ရှင်းမင်လည်း မရသည့်အဆုံး မုချင်ရီတို့ နှစ်ယောက်ကိုပါခေါ်ကာ မင်းကြီးရှေ့မှောက်ကို ခေါ်လာလိုက်သည်။ မခေါ်လာခင်တော့ သူ၏အိမ်တွင် နေထိုင်ခြင်းအား မပြောရန် ကတိတောင်းထားလိုက်ရာ မုချင်ရီတို့လည်း ကတိပေးလိုက်သည်။

သူတို့သုံးယောက်သား မင်းကြီး၏ရှေ့မှောက်သို့ ရောက်လေတော့ မင်းကြီးနှင့်ငရဲမီးအရှင်ဟာ ထိုင်ပြီး စကားပြောနေသည်။

ယန်ကျန်းလီလည်း သူတ်ို့အား မြင်လေတော့ ဘာများဖြစ်လို့လဲဆိုပြီး မတ်တပ်ထရပ်လိုက်သည်။ ရှောင်ယွင်သည်လည်း ထိုနည်းအတိုင်း မင်းကြီးနောက်မှ လိုက်ရပ်လေ၏။ ထိုသုံးယောက်ကလည်း တစ်ပြိုင်တည်း အရိုအသေပြုလိုက်သည်။

"မင်းကြီး... မနေ့က သူတို့နဲ့အတူရောက်လာတဲ့ လူသား​တစ်ယောက် ပျောက်ဆုံးသွားခဲ့လို့ပါ"

ထို့နောက် အတိအကျကို ရှင်းမင်က ဆိုလိုက်လေသည်။ လူသားတစ်ယောက် ဖြစ်လေသည့်အပြင် မိန်းကလေးတစ်ယောက်လည်း ဖြစ်သောကြောင့် သူတို့တွေပို၍ စိတ်ပူကြောင်း ပြောလိုက်လေသည်။

အစအဆုံးအား ပြောပြီးနောက်ပိုင်း ရှောင်ယွင်ဟာ မျက်မှောင်ကြုတ်သွား၏။ အမှန်အတိုင်းပြောရရင် သူဟာမြေခွေးကောင်အား အပြစ်တင်မိခြင်းပါ။ ကိုယ်တိုင်မစောင့်ရှောက်နိုင်ပဲ မြေအောက်ဘုံမှ ရောက်နေသော လူသားတွေကို စောင့်ရှောက်မည်ဟု ကတိပေးနေသည်။ သူ့အနေနှင့်ဆိုလျှင် လူသားတွေဟာ မြေအောက်ဘုံနှင့် အနည်းငယ်မျှ မဆက်စပ်လေသောကြောင့် ချက်ချင်းလူပြည်အား ပြန်နှင်ထုတ်မည်။ ရှင်းမင်မို့လို့သာ လျှာရှည်လေသည်။

PortraitMaster(Complete)Where stories live. Discover now