Chapter_2

2.3K 120 1
                                    

အပိုင်း(၂)

ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရသည်အထိ တိတ်ဆိတ်သွားလေရာ လီချင်းသည် ပါးစပ်အဟောင်းသားဖြစ်နေချေပြီ။ မုချင်ရီလည်း ထူးဆန်းသလိုမျိုးဖြင့် ထွက်ပေါ်လာသော အနှီလူအား သေချာကြည့်နေမိသည်။

အနှီလူဟာ အထက်တန်းလွှာကဲ့သို့ ပိုးသားဝတ်စုံတွေမဝတ်ထားပေမယ့် ဆင်းရဲနွမ်းဖတ်စွာ ဝတ်ဆင်ထားသည်မဟုတ်။ သာမန်လူတန်းစွာဝတ်စုံအားဝတ်ဆင်ထားပြီး သူ၏ရှည်လျားသော ဆံနွယ်ကို တစ်ဖက်ထဲ စုစည်းထားလေသည်။စစ်သူကြီးတစ်ယောက်ကဲ့သို့ သန်မာသော ကိုယ်လုံးကိုယ်ပေါက်မှာ လှပသောမျက်နှာနှင့် မလိုက်ဖက်အောင် တည်ရှိနေ၏။ တစ်ဆက်တည်းဆိုရလျှင် ထိုလူဟာ ဓားနှစ်လက်ကိုပါ ကိုင်ထားပြီး တစ်ချောင်းဟာ အညိုရောင်ဖြစ်၍ တစ်ချောင်းဟာ ပန်းဆီရောင်ဖြစ်သည်။

မျက်စိရှေ့မှ အနှီလူ၏ပုံပန်းအသွင်အားကြည့်ပြီး မုချင်ရီဟာ ဘယ်သူမှန်း သိသွားလေသည်။

"နတ်သမီး၏ စောင့်ရှောက်သူ"

"နတ်သမီး၏စောင့်ရှောက်သူ... အဲ့တာဘာလဲဟင်?"

လီချင်းကတန်း၍မေးလိုက်သည်။ သူမ၏ သေးငယ်လှသောခေါင်းက မည်သည့်အရာကိုမှ မမှတ်နိုင်။ကြည့်ရတာ သူမဟာ အတော်တုံးသည်ထင်သည်။

မုချင်ရီလည်း သက်ပြင်းအရှည်ကြီးအား ရှိုက်မိလိုက်သည်။ ထို့နောက် ထိုင်နေရာမှ ထရပ်လိုက်၍ တစ်ခုချင်းရှင်းပြလိုက်သည်။

"ရှစ်စွမ်းက ပြောဖူးတယ်။ နတ်သမီးဆိုတာ ဂိုဏ်းသူတွေကိုရည်စူးတာ...မင်းမသင်ရသေးဘူးလား"

ချက်ချင်းပင် သူမကခေါင်းခါပြသည့်အတွက် မုချင်ရီကပဲဆက်၍

"ဂိုဏ်းသားတွေက ဂိုဏ်းကထွက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ရင် ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ကြတယ်..ဒါပေမယ့် ဂိုဏ်းသူတွေက အဲ့လိုမဟုတ်ဘူး သူတို့ကိုကာကွယ်မယ့် လူလိုအပ်တယ်.. ဒါကြောင့်လဲ ဆရာကဂိုဏ်းသူတွေကို 'နတ်သမီးလေး၏စောင့်ရှောက်သူ'ဆိုတဲ့ အစောင့်အရှောက်ကိုပါ လက်ဆောင်အဖြစ် ပေးတာနေမှာပေါ့"

PortraitMaster(Complete)Where stories live. Discover now