Chapter_14

90 15 0
                                    


"နတ်သမီးလေးရဲ့ စောင့်ရှောက်သူဆိုလား...
အစောင့်အရှောက်ဆိုလား...ရှင်က ဘာလုပ်ပေးမှာမို့လို့လဲ"

လီချင်းက အိပ်ယာနိုးနိုးချင်း မြေအောက်ဘုံ၏ နန်းတွင်းအား အနည်းငယ် လျှောက်ကြည့်ချင်သောကြောင့် သူမအား ပေးထားသည့် နေရာမှ ခပ်လှမ်းလှမ်းလောက်အထိ အပျင်းပြေ လမ်းလျှောက်လာရင်း တစ်နေရာအရောက် သူမမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသထောင်းခနဲ ထွက်သွားပြီး ဖန်းရုံဆီသို့လာခဲ့သည်။ ဖန်းရုံကို သူမဟာ ဘယ်လိုပင်ကြည့်မရလေဘူးဟု ဆိုပါစေ သူမအတွက် အသုံးချလို့ရလေသည်။ ဖန်းရုံဟာ သာမန်လူသားတော့ မဟုတ်ချေ။

"ကျွန်တော် မကောင်းတဲ့ကိစ္စ မလုပ်ချင်ပေမယ့် မင်းခိုင်းတာ ဘာမဆိုငြင်းလို့မရပါဘူး...ဒါက ရှစ်စွမ်းလုပ်ခဲ့တာပါ"

သူမ ဖန်းရုံအား မသိမသာကြည့်လိုက်တော့ သူ၏ပုံစံမှာမလုပ်ချင်ပေမယ့် ငြင်းဆန်လို့မရသလို ပုံစံမျိုးဖြစ်နေသည်။ ထိုအပြုအမူကြောင့် သူမ၏နှုတ်ခမ်းတို့ ကော့တက်သွားတော့သည်။ ကြည့်ရတာသူ့ကို သူမ အသုံးချလို့ရမယ် ထင်လေသည်။ အဘယ့်ကြောင့်များ သူမ ထိုကိစ္စအား သတိမထားမိခဲ့လေတာလဲ။

"နားထောင်...ဒီနေ့ ညနေ လူ့ပြည်ကိုပြန်မယ်။ အဲ့အတွက် ရှစ်စွမ်းကို သတိပေးလိုက်...ဆရာတူအစ်ကိုကြီးက ဒီတစ်ပတ်အတွင်း ပညာပြိုင်ပွဲလုပ်ချင်ပါတယ်လို့"

ဖန်းရုံသည် လီချင်းနှင့် မုချင်ရီတို့၏ ဆရာနှင့် စိတ်ထဲ၌ပင် ဆက်သွယ်ပြောဆိုလို့ရလေည်။ ထိုအပြင်မုချင်ရီသည် ဆရာဖြစ်သူ၏ အချစ်ဆုံးတပည့်သည်လည်း ဖြစ်လေတော့ ဆရာဖြစ်သူက လိုက်လျောပေးလေမည် ထင်ပါသည်။

ထိုအချိန်တွင် ဖန်းရုံ၏မျက်လုံးသည် အမဲရောင်တစ်ခု ဖြတ်ကျော်သွားတော့သည်သာမက ဒူးကွေးကျသွားပြီး သူမ၏အရှေ့၌ ဒူးထောက်လျက် ကျသွားတော့သည်။ ထို့နောက်တွင်တော့ သက်ပြင်းချလိုက်၍_

"မှန်လှပါ...မြေအောက်ဘုံရဲ့တစ်ရက်ဟာ လူ့ပြည်ရဲ့တစ်လပါ။ အခုသုံးလကုန်ဆုံးလို့ လေးလအချိန်ကို ရောက်ပါတော့မယ် ဒါကြောင့်..."

PortraitMaster(Complete)Where stories live. Discover now