Chapter_38

60 9 0
                                    

"မင်းအခု ညီမလေးရဲ့စိတ်ကို ထိန်းချုပ်လို့ရပြီ"

မုချင်ရီက ကုတင်ထက်တွင် မေ့လဲနေသော လီချင်းကိုကြည့်လိုက်ရင်းနှင့် ဖန်းရုံကို ဆိုလိုက်သည်။

တကယ်တော့ သူဟာ ဖန်းရုံမှ ရှစ်စွမ်းကိုယ်တိုင် စေခိုင်းလိုက်သည်ဟူ၍ ကြားရသောကြောင့် သူကိုယ်တိုင် ယခုလို လာကူညီခြင်း ဖြစ်လေ၏။ စင်စစ်အားဖြင့်ဆိုလျှင် သူ ရှစ်စွမ်းကို နားမလည်ချေ။ သို့ပေသော်လည်း ရှစ်စွမ်း၏ အကြံဉာဏ်သည်ကား ညီမလေးအတွက် ဖြစ်လေသောကြောင့် သူအကြောင်း ကိစ္စရေရေရာရာ မသိတာတောင် သူလက်ခံခဲ့သည်။

"ရှစ်စွမ်းက ဆေးခပ်ခိုင်းတာ..ဒီလိုမျိုးဆိုရင်ရော အလုပ်ဖြစ်လို့လား?"

ဖန်းရုံက နားမလည်နိုင်စွာဆိုလိုက်သည်။

သူသိသည်က မှတ်ဉာဏ်ဖျောက်ဆေးမှုန့်ကို အရည်ဖျော်တိုက်ရမှာမဟုတ်လား။ ဘာကြောင့်များ ဒီလိုမျိုးအလုပ်ဖြစ်ရတာလဲ။

"ဟုတ်သား..."

မုချင်ရီက ​ရေရွတ်လိုက်သည်။ ထို့နောက် သူဟာ အနားရှိ စားပွဲခုံမှ ရေနွေးကြမ်းအား တစ်ခွက်ဌဲ့လိုက်ပြီးနောက်မှ ဖန်းရုံဆီမှ ဆေးမှုန့်အိတ်အား ဖြန့်တောင်းလေသည်။ ဖန်းရုံလည်း ဘာကိုတောင်းသည်ကို ရှင်းလင်းစွာပင် သိလေသောကြောင့် ချက်ချင်းပင် ထည့်ပေးလိုက်လေသည်။

ထိုအခါမှ မုချင်ရီက-

"ဆေးမှုန့်ရဲ့အငွေ့က လူကိုသတိမေ့ရုံပဲမေ့နိုင်တာ..ဆေးရည်အဖြစ်တိုက်မှ မှတ်ဉာဏ်ကို ထိန်းချုပ်ပြုပြင်နိုင်တာ"

မုချင်းရီက ပြောလည်းပြောနေရင်း ထိုဆေးမှုန့်ကို ဆေးရည်အဖြစ် ဖော်နေသည်။ ထို့နောက်တွင်မှ သူကဆက်၍ သတိပေးသလို သဘောမျိုးဖြင့် ဖန်းရုံဘက်ကို လှည့်ပြောလိုက်သည်။

"မင်း ညီမလေးရဲ့ မှတ်ဉာဏ်တွေကို ပြုပြင်တဲ့အခါမှာ ငါ့အကြောင်းကို လုံးဝမထည့်လိုက်ပါနဲ့"

*****
သူမ၏အမည်ကား စစချင်းက လီချင်းမဟုတ်။ ချင်းအာသာ။

သူမဟာ ငယ်စဉ်ကတည်းက 'ပန်းချီပညာကိုအခြေခံတဲ့နတ်ဝိဇ္ဇာဂိုဏ်း ' အတွင်းသို့ ဝင်ခဲ့သည်။

PortraitMaster(Complete)Where stories live. Discover now