Chapter_15

88 12 0
                                    

လီချင်းတစ်ယောက် မုချင်ရီရှိနေမည့်နေရာကို ခန့်မှန်းလိုက်တော့ ရှိနေမည့်နေရာမှာ မင်းကြီးယန်ကျန်းလီတို့နား ရှိလေမည်ဟု ထင်သောကြောင့် သူမထိုနားသို့သွားလေရာ မုချင်ရီက ထိုနေရာနှင့် ခပ်လှမ်းလှမ်းရှိ သစ်ပင်တွင်မှီနေသည်ကို တွေ့ရ၍ သူမလည်း ထိုနားသို့ ပြေးသွားသည်။

"ဆရာတူအစ်ကိုကြီး ပြောစရာရှိတယ်"

မုချင်ရီကလည်း သူမအားတစ်ချက်ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်လိုက်လေသည်။ ဆိုလိုလေသည့် သဘောသည်ကား ပြောပါဟူသည့် သဘောပါလေ။

"ဖန်းရုံက ပြောတယ်။ လူ့ပြည်မှာ အခုဆို ညီမလေးတို့ဂိုဏ်းမှာ ပညာပြိုင်ပွဲရှိတယ်တဲ့...အဲဒါကြောင့် ခဏပြန်ရအောင်... အစ်ကိုကြီး အဲ့နေရာမှာမရှိလို့မရဘူးလေ နော်လ်ို့"

လီချင်းက သူမလက်က အရှေ့တိုးလိုက်ကာ မုချင်ရီ၏ ဝတ်စုံစအားဆွဲပြီး ချွဲနွဲ့ကာဆိုလိုက်လေ၏။ သူမ၏စကားကြောင့် မုချင်ရီလည်းသူ၏မျက်လုံးက အောက်သို့ကြည့်လိုက်ပြီး တစ်ခုခုအား တွေးလိုက်လေသည်။ အမှန်အတိုင်းပြောရရင် သူမပြောသည့်ကိစ္စကို သူလည်းသိလေသည်။ သူထိုနေရာတွင် မရှိလို့မဖြစ်ဟူသော အချက်ကိုလည်း သိပေမယ့် သူအဘယ့်ကြောင့်များ တစ်ခုခုကို စိတ်ထစ်နေလဲမသိချေ။ သူဒီနေရာကို ပြန်မလာနိုင်မည်လည်း စိုးရိမ်သည်၊ သူယန်ကျန်းလီနှင့် ပြန်မတွေ့ရမည်ကိုလည်း တစ်မျိုးစိုးရိမ်သေးသည်။

မုချင်ရီကပြန်ဖြေဖို့ဌာ ပြုံးလိုက်သည်။ ထို့နောက်သူက လီချင်း၏ခေါင်းထက်သို့ တစ်ချက်ပုတ်လိုက်သည်။

"ညီမလေး ကျန်းလီကိုပါ ခေါ်ရအောင်... သူကမြေအောက်ဘုံသားပေမယ့် သူ့ကိုခေါ်မယ့်လူရှိရင် လူပြည်လိုက်လာလို့ရတယ်"

အနှီစကားကြောင့် လီချင်း၏မျက်နှာမှာ ပျက်ယွင်းလာသည်။ သူမ၏ဆရာတူအစ်ကိုကြီးအား လူ့ပြည်ကိုပြန်တစ်ဖက်လှည့်နှင့်ခေါ်ခြင်းသည်ကား ထိုမိစ္ဆာနှင့် မပတ်သတ်စေချင်သောကြောင့် ဖြစ်လေသည်။ ယခုလိုဆိုရင် သူမစီစဉ်ထားသည့် ကိစ္စသွားလေပြီ။

လီချင်းသည် ဥာဏ်နီဥာဏ်နက်များပါသည်။ သို့ပေမယ့် မုချင်ရီသည် သူမထက်တစ်ကွက်ပို၍ အသိဥာဏ်များပါသည်။ မဟုတ်လျှင် သူမ၏ ဆရာတူအစ်ကိုကြီးအဖြစ် သက်မှတ်လို့ရပါ့မလဲ။

PortraitMaster(Complete)Where stories live. Discover now