Chapter_29

97 11 1
                                    

ဆရာဖြစ်သူ ချန်ကျင်းဝေ၏ ခေါင်းလောင်းထိုးသံကြောင့် ဂိုဏ်းသား၊ ဂိုဏ်းသားဟောင်းအပြင် ယင်းတို့ အဖော်အဖြစ် လိုက်ပါလာသည့်လူတို့ပါ လူစုလာကြတော့သည်။ ဤသို့ဆရာဖြစ်သူသည် ခေါင်းလောင်းထိုးသည်မှာကား သူတို့အား လူစုခိုင်းလေခြင်းသာ ဖြစ်လေမှန်း သိရှိကြသည်။

လက်ရှိအချိန်တွင်တော့ လီချင်းနှင့် ဖန်းရုံသည်လည်း ထိုနေရာသို့ ရောက်လာပြီး လီချင်းမှာကား သူမ၏ ဆရာတူအစ်ကိုကြီးအား ရှာနေသည်။

"ဆရာတူအစ်ကိုကြီး"

လီချင်းလည်း သူမ၏ ဆရာတူအစ်ကိုကြီးအား ခပ်လှမ်းလှမ်းတွင် တွေ့လေသောအခါ သူမက ထိုအနား ကပ်သွားတော့သည်။ မုချင်ရီသည်ကား သူမအား တစ်ချက် လှည့်ကြည့်လိုက်လေသည်။ ထို့နောက်တွင်မှ ပြန်လှည့်လိုက်ပြီး သူ၏အရှေ့ဘက်ကိုသာ ကြည့်နေလေသည်။

ယင်းအပြုအမူအား မြင်လေသည့်တိုင် လီချင်းသည်ကား ဂရုမစိုက်၊ သူမက အပြုံးမည်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

ထိုအချိန်၌ ချန်ကျင်းဝေသည် သူ၏ ခေါင်းလောင်းအား ဆက်လက်၍ မတီးတော့ဘဲ ရပ်လိုက်တော့သည်။ သူ၏ အပြုအမူ၏ အဓိပ္ပါယ်သည်ကား လူစုံပြီဟူသော သဘောအား သက်ရောက်နေသည်။ ချန်ကျင်းဝေက စကားမဆိုခင်၌ လေပူတစ်ချက်အား မှုတ်ထုတ်လိုက်ပြီးနောက်-

"ဆရာ အကုန်လုံးကို ခေါ်ခဲ့တာပြောစရာရှိလို့... အကုန်ရောက်ပြီဆိုတော့..ဆရာ စပြောတော့မယ်"

ချန်ကျင်းဝေက သူ့စကားပြောရန် စလ်ိုက်သည်။ ထို့နောက် သူဟာ မပြောခင်၌ တစ်ယောက်ယောက်အား ရှာနေသည်။

မှန်လေသည်။ ချန်ကျင်းဝေ ရှာနေသည့် လူသည်ကား လီချင်းပေ။ လူအုပ်၏ နောက်ဆုံးနားလောက် ရောက်တော့မှ သူက လီချင်းကို တွေ့လိုက်ရတော့ သူမနှင့် အကြည့်ချင်းဆုံလိုက်ပြီးနောက် ကြိုတင်၍ ကြံစည်ထားသည့်နှယ် ခေါင်းဆက်ခနဲ ငြိမ့်လိုက်လေ၏။

လီချင်းမှာလည်း သူမ ဆရာဖြစ်သူ ဆိုလိုသည့် သဘောအား နားလည်သည့်နှယ် ခေါင်းငြိမ့်ကာ အရှေ့သို့တက်လာသည်။ လူအုပ်သည်လည်း သူမ အရှေ့လှမ်းလာလေသော် သူမအား အ​ရှေ့သို့ သွားရန်အတွက် လမ်းဖယ်ပေးလိုက်ကြလေသည်။ သူမသည် ဆရာဖြစ်သူရှိနေသော စင်အမြင့်နေရာသို့ တဖြည်းဖြည်း တက်သွားကာ ဆရာဖြစ်သူအား ဦးညွတ်လိုက်လေသည်။

PortraitMaster(Complete)Where stories live. Discover now