Chapter_25

97 11 0
                                    

အခြေအနေအကုန်လုံးကို ယန်ကျန်းလီ ကြားသိတော့မှ သူက မည်သူမှားသည်၊ မှန်သည်ကို ရှင်းလင်းသွားတော့သည်။

တကယ်မှားသည့်လူမှာကား ရှန်ကျိုသာ။ သူလုပ်သည့်အမှားအား ဖော်သည့်မုချင်ရီ မမှားပေ။ ရှန်ကျိုဟာ လုပ်ရဲရင်ခံရဲရမည် မဟုတ်လား။ ယန်ကျန်းလီက ထိုကိစ္စအား ဝင်ပြောဖို့ ဟလိုက်ပေမယ့် ဖုန်လင်ဇီ၏ အကြည့်ကြောင့် သူကမပြောဖြစ်ခဲ့။ သြော်။ မှားလို့မှားတယ်တောင် ပြောခွင့်မရှိပါလား။

"မင်းတို့နဲ့ စကားဆက်မပြောချင်တော့ဘူး..ပြိုင်ပွဲကြ မင်းနဲ့ငါ ယှဉ်ပြိုင်တဲ့အချိန်မှ တွေ့ရတာပေါ့...ဖုန်လင်ဇီ သွားရအောင်"

ရှန်ကျိုက ဤနေရာတွင် ဆက်၍ မရှိချင်တော့။ သူဟာ မုချင်ရီကို မသိမသာ စိန်ခေါ်ပြီးနောက်မှ ဖုန်လင်ဇီကို ခေါ်ကာ ထိုနေရာမှ ထွက်သွားတော့သည်။

ယန်ကျန်းလီက လူ့ပြည်မှ အရှုပ်ဇယားကို ခဏနားထောင်လိုက်တော့ သူဟာ
ခေါင်းရှုပ်သွားသည်ကို ခံစားလိုက်ရသည်။ အမှန်အတိုင်းဆိုလျှင် ထိုကိစ္စသည်ပြီးပြီးသား ကိစ္စတစ်ခု မဟုတ်ပေလား။ ရှန်ကျိုကို သူ၏ဆရာက အပြစ်ပေးခဲ့ပြီးလေပြီ ထိုအပြစ်က သက်သက် အပြစ်လျော့ပေးမှန်းကိုလည်း လူ့ပြည်က အကြောင်းတွေ မသိသည့်တိုင် ယန်ကျန်းလီက နားလည်လေ၏။

"တောင်းပန်ပါတယ်..ကျန်းလီ။ မင်းကို အပြင်ခေါ်မိတာ စိတ်ရှုပ်စရာတွေပေးမိပြီ"

ယန်ကျန်းလီ ထိုစကားကြောင့် ပြုံးလိုက်မိသည်။ ထို့နောက်တွင်မှ သူကသက်ပြင်းချလိုက်ကာ မုချင်ရီအား မော့ကြည့်လာ၏။

"မောင်မင်းရဲ့ အပြစ်မဟုတ်ပါဘူး..ဒါထက် ဒီမှာ ရေပူစမ်းရှိလား?"

"ရှိတယ်..ကျန်းလီတို့ နန်းတွင်းကထက်တောင် ကောင်းသေးတယ်။ ကျန်းလီ သွားချင်တယ်ဆို မအိပ်သေးဘဲ ညဥ့်နက်ကြ အတူသွားရအောင်..အခု လူတွေရှိရင်ရှိမှာ"

ယန်ကျန်းလီက ခေါင်းတငြိမ့်ငြိမ့်ဖြင့် မုချင်ရီ၏ စကားအား နားထောင်နေသည်။ ထို့နောက်မှ သူဟာ မုချင်ရီ၏ စကားအား သဘောတူလိုက်တော့သည်။

"ကောင်းပြီလေ..မောင်မင်းပြောတဲ့အတိုင်း ကိုယ်တော်တို့ဆီကထက် ကောင်းမလားဆိုတာ ကြည့်ကြည့်တာပေါ့"

PortraitMaster(Complete)Where stories live. Discover now