Chapter_30

97 7 1
                                    

နားခိုရာအဆောင်သို့ပန်သည့် လမ်းတွင် နှစ်ဦးသားတို့ဟာ တိတ်ဆိတ်နေမိကာ မည်သည့်စကားကိုမှ မဆိုသေးပေ။ သို့ပေသော်လည်း အဆုံး၌ ယန်ကျန်းလီဟာ မနေနိုင်တော့၊ သူ့အနေနှင့် အနှီကိစ္စနှင့် မသက်ဆိုင်ပေသော်လည်း မုချင်ရီ၏ ဆုံးဖြတ်ချက်က မှားနေသကဲ့သို့ ခံစားရသည်။

လီချင်းသည် မုချင်ရီနှင့် လိုက်ဖက်လေသော မိန်းကလေး တစ်ယောက်ပင်၊ သူတို့ နှစ်ယောက်သည်လည်း တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြလေသည်။ ဤသို့ ဆရာဖြစ်သူက စီစဉ်ပေးသောကိစ္စကို ယခုလို ခါးခါးသီးသီး မငြင်းသင့်ပေ။ အနည်းဆုံးတော့ သူမ၏ဂုဏ်သိက္ခာက ရှိသေးလေသည်။ တစ်ဆက်တည်း မုချင်ရီက သူ၏မျက်နှာအား ကြည့်ကာ 'ကျွန်တော့်မှာ ချစ်ရတဲ့လူရှိတယ်' ဟုဆိုလိုက်သောကြောင့် သူ၏ ပယောဂ မကင်းသလို ယန်ကျန်းလီက ခံစားရသည်။

"ဘာလို့..ဒီလိုဆုံးဖြတ်ချက်ချရတာလဲ?"

ယန်ကျန်းလီ၏ အသံက တိုးနေသည်။ သို့ပေသော်လည်း မုချင်ရီ ကြားရန် လုံလောက်သည်။ သူက ​မေးသင့်၊မမေးသင့် ဆုံးဖြတ်၍ မေးလိုက်ပုံပင်။

"မချစ်တဲ့လူကိုမချစ်ဘူးလို့ ငြင်းတာက ဘာမှားလို့လဲ ကျန်းလီ?"

မမှားပါ။ မုချင်ရီ၏ လုပ်ရက်သည် လုံးဝမမှားပါ။ သို့ပေသော် သူက ဒီလောက်ကြီးထိ ခါးခါးသီးသီး ငြင်းစရာမလိုချေ။ မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်က လီချင်းဟာလည်း ဆရာဖြစ်သူ ချန်ကျင်းဝေ အကူအညီရယူကာ သူငြင်းလို့မရအောင် လူအများရှေ့၌ ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့ပေသော်လည်း မုချင်ရီက ငြင်းလိုက်မိဟု သူတို့ မထင်မှတ်ခဲ့ပေ။ လီချင်းဟာ မဖြစ်နိုင်သည့်အရာကို စိတ်ကူးမိခြင်းကြောင့် သူမကိုယ်သူမ အရှက်ကွဲ​အောင် လုပ်လိုက်မိခြင်းသာ ဖြစ်​လေကာ မုချင်ရီ၏ အမှားမဟုတ်ခဲ့။

"ဒါပေမယ့် တစ်ဖက်က မိန်းကလေးလေ..."

ယန်ကျန်းလီကား စကားဆုံးအောင် ပြောခွင့်မရခဲ့။ မုချင်ရီက သူ၏ ခါးအား ပွေ့ဖက်လိုက်ကာ နှုတ်ခမ်းထက်သို့ နူးညံ့စွာတစ်မျိုး၊ ကြမ်းတမ်စွာတစ်မျိုး ရောယှက်လျက် ထိတွေ့လိုက်ချေပြီ။ ထိုအထိအတွေ့ကား စွဲမက်ဖွယ် ကောင်းလှသည်။ ချိုမြိန်လွန်း၍ သကြားခဲတို့၏ ချိုမြိန်ခြင်းက​တောင်မှ အရှုံးပေးရလောက်သည်။

PortraitMaster(Complete)Where stories live. Discover now