Chapter_21

107 12 1
                                    

ယန်ကျန်းလီလည်း မုချင်ရီအရင်က နေခဲ့သည့် အဆောင်နောက်သို့ လိုက်သွားခဲ့လေရာ မုချင်ရီ၏ အဆောင်အခန်းသို့ ရောက်တော့မှ ကုတင်တစ်ခုတည်းသာ ရှိမှန်းသိရသည်။ မုချင်ရီမှာ တစ်ယောက်တည်း ဖြစ်သောကြောင့် သူ၏အခန်း၌လည်း ကုတင်တစ်ခုတည်းရှိသည် မဟုတ်လား။

အခန်းကတော့ တစ်ယောက်တည်း အခန်းဟုပင် ဆို၍မရနို်င်ချေ။ အတော်လေး ကျယ်ဝန်းလေ၏။ ဂိုဏ်းသားတွေအတွက် နေထိုင်ဖို့ အဆောင်နှင့် မတူဘဲ အထက်တန်းစား တည်းခိုဆောင်တစ်ခု နှင့်တောင် ပုံစံတူလေသည်။

"ကိုယ်ဒီဂိုဏ်းကို ရောက်ကတည်းက ဒီမှာနေတာ၊ ကုတင်ကတော့ တစ်ခုတည်းရှိပေမယ့် ကျန်းလီ မင်းအဲ့မှာအိပ်လိုက်ပါ"

"မောင်မင်းကရော..."

ယန်ကျန်းလီက မုချင်ရီကို ကြည့်၍ မေးခွန်းထုတ်လိုက်လေတော့သည်။ မုချင်ရီသည်ကား မည်သည့်စကားကိုမှ မဆိုသေး။ ယန်ကျန်းလီခြုံထားသော ဝတ်စုံအား ဖယ်လိုက်ပြီး ဝတ်ဆင်ထားသော ခမောက်ကိုပါ ချွတ်ပေးလိုက်ကာ အနားက ခုံ​ပေါ်သို့ အရင်တင်လိုက်လေသည်။ ထို့နောက်မှ သူ၏အဝတ်ဗီရိုအ​ဟောင်းအား အရင်ဖွင့်လိုက်သည်။ အဝတ်ဗီရိုအဟောင်းဟု ဆိုရခြင်းမှာ မုချင်ရီဂိုဏ်းသားဖြစ်တုန်းက အသုံးပြုခဲ့သော အဝတ်ဗီရိုဖြစ်ခဲ့သောကြောင့်သာ ဖြစ်လေသည်။ အဟောင်းဟုသာ ဆိုပေမယ့်လည်း အရင်ကအသုံးပြုခဲ့သည့် အတိုင်းပါလေ။ ထို့အပြင် အဆောင်ကလည်း အရင်က သူနေခဲ့သည့် အချိန်တုန်းကအတိုင်း ဖြစ်နေလေသောကြောင့် သူတို့မလာခင် သန့်ရှင်းရေးလုပ်ပေးထားသည် ဖြစ်ဟန်တူလေသည်။

အဝတ်ဗီရိုထဲတွင်တော့ အစိမ်းနု​ရောင်ဝတ်စုံချည်း ငါးစုံရှိလေပြီး မည်သည့်အရာမှ ရောစပ်ထားခြင်း မရှိချေ။ ထိုထဲမှတစ်စုံအား မုချင်ရီက ထုတ်လိုက်ပြီးနောက် ယန်ကျန်းလီထံသို့ ပေးလိုက်သည်။

"လဲဝတ်လိုက်...ခုနက ရှစ်စွမ်း သတိမထားမိတာ တော်သေးတယ်။ နဂါးဝတ်ရုံကြီးနဲ့"

ထိုအခါမှ ယန်ကျန်းလီလည်း သူ့အဝတ်သူ ငုံ့ကြည့်လိုက်မိသည်။ မြေအောက်ဘုံမှ အလောတကြီးလာရသည့်အတွက် ဝတ်စုံ မလဲလိုက်ရသည့်အပြင် ညီလာခံတက်ဖို့ ပြင်လာသောကြောင့် သူ့ကိုယ်တွင် ဘုရင်တစ်ပါးလို ပုံစံမျိုး ဝတ်ထားလေသည်။ သို့ပေမယ့် သူနေအပူဒဏ်အား ကာကွယ်ရန် ခြုံထားသည့် ဖန်းရုံ၏အပေါ်ရုံကြောင့် သူ၏ နဂါးဝတ်စုံအား ဖုံးအုပ်သွားပြီး မုချင်ရီ၏ ဆရာဖြစ်သူဟာ သတိမထားမိလိုက်ခြင်း ဖြစ်လေသည်။

PortraitMaster(Complete)Where stories live. Discover now