Chapter_50

128 5 0
                                    

"မင်းကြီး!!တွေ့ချင်လ်ို့ပါ ကျွန်တော်မျိုး ရှင်းမင်ပါ ဝင်ခွင့်ပေးပါ"

ရှင်းမင်က သူနှင့်ငရဲမီးအရှင်တို့ တိုင်ပင်ပြီးနောက် မုချင်ရီကို ငရဲမီးအရှင်က အကျိုးအကြောင်းပြောပြရန်အတွက် သူက ယန်ကျင်းချန်ကို ပထုတ်ထားရပေမည်။ သို့မှသာ ငရဲမီးအရှင်က အထဲကိုဝင်ပြီး မုချင်ရီကို အကြောင်းစုံပြောပြနိုင်မည်ဖြစ်သည်။

"ရှင်းမင်...မောင်မင်းဘယ်လ်ိုလုပ်လာတာလဲ"

ယန်ကျင်းချန်က သူတို့၏အကြံကိုမသိဘဲ တံခါးဖွင့်ပေးလိုက်သည်။ ထိုအခိုက်အတန့်ကိုစောင့်နေသော ရှင်းမင်က ဒူးထောက်ချလိုက်ပြီး

"မင်းကြီး...ကျွန်တော်မျိုး ဟိုနေ့ကလွန်သွားပါတယ် မင်းကြီး ပြီးတော့ တိုင်ပင်စရာလေးရှိပါတယ် "

"ဘာများလဲ?"

"မုချင်ရီ မသိသင့်တဲ့ကိစ္စ.."

ရှင်းမင်က ထိုစကားကို လိုတာထက်ပိုတိုး၍ ပြောလိုက်လေတော့သည်။ ရှင်းမင်ထင်သည့်အတိုင်း ယန်ကျင်းချန်က ထိုစကားကိုကြားတော့ သူ၏မျက်လုံးအစုံတို့ကား လှုပ်ခပ်သွားပေသည်။

"သွားမယ်...ကိုယ်တော်တို့ အေးဆေးပြောရမယ့်နေရာ"

*****
"မုချင်ရီ...ရှိလား"

ငရဲမီးအရှင်က ရှင်းမင် ယန်ကျင်းချန်ကို ပထုတ်သွားတော့မှ သူက မုချင်ရီဆီလာခဲ့သည်။ မုချင်ရီကား မတ်တပ်ရပ်နေပြီး စာလိပ်တစ်လိပ်ကို ဖတ်ရှုနေသည်။

"ငရဲမီးအရှင်ရှောင်ယွင်ပါလား လာလေ .. ကျန်းလီကို လာတွေ့တာလား...ကျန်းလီက ခုနကပဲ အပြင်ထွက်သွားတာထင်တယ်"

"မင်းကိုပဲလာရှာတာ"

ငရဲမီးအရှင်က သူ၏ပုံစံအတိုင်း ခပ်မာမာဆိုလိုက်သည်။ သူက သူ၏ရင့်ကျက်သော ရုပ်ရည်နှင့် သက်ပြင်းချလိုက်ပြီး

"မင်းသိထားသင့်တဲ့အရာ ပြောစရာရှိတယ်"

****
ယန်ကျင်းချန်က ဘာမှအရေမရအဖတ်မရဖြစ်သော ရှင်းမင်၏စကားများကို ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်နားထောင်နေခဲ့သည်။ သူက ဘာမှအရေးမပါတာကို ပြောနေခဲ့တာဖြစ်ပြီး မုချင်ရီ မသိသင့်သည့်ကိစ္စလို့သာပြောပေမယ့် ဘာမှမဟုတ်သည့်အတွက် သူသံသယ စဝင်လာတဲ့အတွက် စကားစမြန်မြန်ဖြတ်ပြီး မုချင်ရီဆီပြန်လာလိုက်တော့သည်။

PortraitMaster(Complete)Where stories live. Discover now