Chapter_49

89 9 0
                                    

"အခုမင်းပြောတာတွေက အမှန်လို့ ငါ့ကိုယုံစေချင်နေတာလား?"

ငရဲမီးအရှင်က ဆိုလိုက်လေသည်။ သူဟာ ရှင်းမင်၏ စကားကို အလွယ်တကူတော့ မယုံရဲပေသော်လည်း ရှင်းမင်က မဟုတ်လျှင် မပြောတတ်သည့်လူမျိုးမို့ သူဟာ ဝေခွဲရခက်နေသည်။ ယင်းအပြင် ရှင်းမင်ပြောသည့်လူဟာ အခြားသူမဟုတ် သူတို့မင်းကြီးဖြစ်သောကြောင့် ရှင်းမင်ဟာ အလွယ်တကူတော့ ဝင်ပြောမည်မဟုတ်ပေ။

"ဟုတ်တယ်..ကျွန်တော်ပြောတာတွေက အမှန်ပဲ ကျွန်တော်အစကတည်းက သိပါတယ်။ အစ်ကိုက ကျွန်တော့်မယုံဘူးဆိုတာ....."

ရှင်းမင်အသံတို့ဟာ တဖြည်းဖြည်း တိုးရှသွားကာ ရှောင်ယွင်၏ အခြေအနေအား စောင့်ကြည့်လိုက်သည်။ သူဟာ ယုံကြည်သည်ဟူ၍ မဆိုနိုင်ပေသော်လည်း မယုံကြည်ဘူးဟူသော အဓိပ္ပါယ်လည်း မရောက်ပေ။

သူဟာ ဆက်ပြောခဲ့သည်။

"ဒီကိစ္စက အရေးကြီးတဲ့အတွက် ကျွန်တော့်မယုံဘူးဆိုတာ သိရက်နဲ့လာခဲ့တာပါ..ငရဲမီးအရှင် ကျေးဇူးပြု၍ ကူညီပေးပါ"

ရှင်းမင်ကား အခြားနည်းလမ်းမရှိ၊ သူ့ဆီမှ အကူအညီရမှ ဖြစ်မည်။ သို့ပေသော် သူဘယ်လိုလုပ်ပေးဖို့ တောင်းဆိုရမည်နည်း။

ငရဲမီးအရှင်မှာ သူ၏စကားကြောင့် အနည်းငယ်တော့ တိတ်ဆိတ်သွားပြီး အကျိုးသင့်၊အကြောင်းသင့် အနည်းငယ်တော့ စဉ်းစားနေလေ၏။ ထို့နောက်တွင်မှသူက-

"မုချင်ရီရော ဒီကိစ္စသိလား?"

"သူလား သိရင်ဒီလိုမျိုးငြိမ်နေမှာ.."

ဟုတ်သည်။ ထိုအခါမှ သူသတိရသည်။ သူမဖြစ်သင့်တာ မဖြစ်အောင် မုချင်ရီကို သွားပြောမှ တော်ကာကြလိမ့်မည်။ ယန်ကျင်းချန်က သူပြောလိုက်ရင် သူ့ကို လက်စဖျောက်မည် သိပေသော်လည်း သူ့မှာကား အခြားနည်းလမ်း မရှိ။ နှစ်ဦးသားစလုံးဟာ သူ၏ ဘုရင်မင်းမြတ်ဖြစ်ပေသော်လည်း သူအနေနှင့်တော့ သူဟာ ​သေချာပေါက် ယန်ကျန်းဘက်ကသာ ရပ်တည်ပေမည်။

ရှင်းမင်က ချက်ချင်း မုချင်ရီကို သွားရှာပြောဖို့ ပြင်လိုက်ပေသော်လည်း သူ၏လက်အား ငရဲမီးအရှင်မှ လှမ်းဆွဲလိုက်လေ၏။ တသင်္ဂ သူ၏ မျက်လုံးတို့က ဖြတ်ခနဲတောက်သွားသည်ကို သူကိုယ်တိုင်တောင် မသိလိုက်ပဲ ငရဲမီးအရှင်ကိုသာ စိုက်ကြည့်နေမိသည်။

PortraitMaster(Complete)Where stories live. Discover now