Chapter_1

3.6K 159 1
                                    

အပိုင်း(၁ )

ကမ္ဘာလောကကြီးဟာ ထူးဆန်းမှုတွေနဲ့ ပြည့်ဝနေပြီး အကောင်းအဆိုးတွေလည်း ဒွန်တွဲနေသည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မည်ဆိုသည်ကား ဆုံးမစကားသက်သက်သာဖြစ်ပြီး လက်တွေ့တွင်တော့ မကောင်းသည့်လူတွေကပဲ ကောင်းကျိုးကိုခံစားနေရသည်။

ထားပေတော့ ယင်းအရာဟာ လူပြည်မှာပဲ မဖြစ်ချေ။ မြေအောက်ဘုံနှင့်ကောင်းကင်ဘုံတွင်လည်း ထိုနည်းအတိုင်းပင် ဟုပြောစမှတ်ရှိကြလေရာ စင်စစ်တွင်တော့ ဘယ်သူမှ​ သေချာမသိကြပေ။

"အိုက်ယား"

လီချင်းဟာ အရှေ့မှဖတ်နေသော စာအုပ်ကို ပိတ်လိုက်ပြီးမှ စိတ်ပျက်လက်ပျက်ဖြစ်နေပြီ။ အစကတည်းက အခုလိုစာအုပ်ကို ဖတ်မည်အစား ပန်းချီလေ့ကျင့်နေရင်တောင် တိုးတက်လာအုန်းပေမည်။

သူမတို့ဟာ နတ်ဝိဇ္ဇာဂိုဏ်းတစ်ခုမှ ဖြစ်လေပြီး ထိုဂိုဏ်းဟာ ထူးခြားစွာပင် ပန်းချီပညာကို အခြေခံလေသည်။ အရင်ကတော့ ထိုဂိုဏ်းကို နတ်ဝိဇ္ဇာဂိုဏ်းထဲမထည့်ကြ​ပေ။ အကြောင်းကတော့ နတ်ဝိဇ္ဇာဂိုဏ်းဟာ ဓားကိုသာကိုင်ရမည်ဖြစ်ပြီး ဤသို့နူးနူးညံ့ညံ့ စုတ်တံအား မကိုင်သင့်ပေဟု ထင်မှတ်ကြသောကြောင့် ဖြစ်သည်။ သို့ပေသော်လည်း နောက်ဆုံးတွင်တော့ လက်လျော့ကာ နတ်ဝိဇ္ဇာဂိုဏ်းအတွင်း ထည့်လိုက်လေသည်။

ပန်းချီပညာကို အခြေခံသည့်ဂိုဏ်းဟာ မည်သို့များ မကောင်းဆိုးဝါးတွေကို တိုက်လဲဟုဆိုလျှင် ထိုအကြောင်းကို မည်သူမှမမြင်ဖူးကြပါ။

လီချင်းဟာ သက်ပြင်းရှည်ကြီးတစ်ခုအား ခပ်တိုးတိုးချလိုက်ပြီး သူမ၏အရှေ့မှ မုချင်ရီကိုကြည့်လိုက်မိသည်။ မုချင်ရီဟာ သူမ၏ဆရာတူအစ်ကိုကြီးဖြစ်ပြီး အနေအေးသူလည်း ဖြစ်လေသည်။ သူမတို့ နတ်ဝိဇ္ဇာဂိုဏ်းတွင် အတော်ဆုံးဖြစ်ပြီး သူမကတော့ ရယ်ချင်စရာကောင်းလောက်အောင် အညံ့ဆုံးဖြစ်လေသည်။

ဘယ်လိုတောင် ရယ်ချင်စရာ ကောင်းလောက်သလဲဆိုရင် သူမဟာ ကြိုးခွေကိုတောင် မြွေနှင့်တူအောင် ဆွဲတတ်သည့်လူမျိုး။

"သွားနားတော့...မလေ့လာချင်ရင်"

"နားမယ် ပြောမိလို့လား"

PortraitMaster(Complete)Where stories live. Discover now