Chapter_11

136 19 0
                                    

အပိုင်း(၁၁)

မြေအောက်ဘုံမှ အရှင်ငါးပါးသည် မင်းကြီးနှင့်အတူ တစ်လတစ်ခါ​လောက် အစည်းအဝေး ကျင်းပကြသည်။ များသောအားဖြင့်က​တော့ တိုင်းပြည်ရေးအကြောင်းသာ ဆွေးနွေးကြပေမယ့် ငါးယောက်သားမှာ နှစ်တွေကြာပေမယ့် အရမ်းကြီးတော့ မရင်းနှီးကြပေ။

ဒီနေ့အစည်းအဝေးတွင်တော့ အရှင်ငါးပါးအနက် တစ်ပါးကမရှိလေတော့။ မင်းကြီးလည်း အစည်းအဝေးခန်းထဲ ဝင်လာပြီး သူ့နေရာတွင် ထိုင်လိုက်သည်။ ကျန်သူများလည်း တစ်ချက်ထ၍ အရိုအသေပြုလိုက်ပြီးမှ ပြန်ထိုင်လိုက်တော့သည်။

"မြွေအရှင်သခင်ရော မလာဘူးလား?"

ပိုင်ချန်က ဘာမှမသိသူကဲ့သို့ ပေထန်း၏ ထိုင်ခုံနေရာအား ကြည့်လိုက်ပြီး နားမလည်သလို မေးလိုက်သည်။ ထိုအချိန် ရှောင်ယွင်က ချောင်းဟန့်လိုက်လေပြီး မင်းကြီးဘက်ကို လှည့်လိုက်ပြီး ပြောလိုက်ရတော့မလား ဟူသောအကြည့်ဖြင့် ကြည့်လိုက်လေရာ ယန်ကျန်းလီက ခေါင်းငြိမ့်လိုက်သည်။

"မြွေအရှင်သခင်ပေထန်း...အသက်မရှင်တော့ဘူး"

"မဖြစ်နိုင်တာ။ သူကဘယ်လိုလုပ်ပြီး..."

"ထူးဆန်းလိုက်တာ...မင်းတို့အရင်က အဲ့လောက် မစပ်စုပါဘူး"

သူ၏စကားအား မယုံသလိုသဘောဖြင့် ပိုင်ချန်က မှတ်ချက်ချမည်အပြု ရှင်းမင်က မျက်မှောင်ကျုံ့လိုက်ကာ သူ၏စကားမဆုံးခင်၌ ဝင်ပြောလိုက်လေ၏။ အမှန်အတိုင်းပြောရရင် အရင်တစ်ခါက မင်းကြီး၏ မိခင်မိဖုရား လုပ်ကြံခံရသည့်ကိစ္စတောင် မဝင်ပါတာ အခုကိစ္စမှ ဝင်ပါသည်ကတော့ နည်းနည်းတော့ ထူးဆန်းလေသည်။

ထိုအခါပိုင်ချန်က သက်ပြင်းချလိုက်တော့သည်။ ထို့နောက် မသိမသာပြုံးလိုက်ရင်း

"ထားပါ...မြွေအရှင်သခင်က လွတ်မြောက်သွားခဲ့ပြီပဲ"

မြေအောက်ဘုံတွင်တော့ သေဆုံးခြင်းအား လွတ်မြောက်ခြင်းဟူ၍သာ သက်မှတ်ကြလေ၏။ ထို့ကြောင့်လွတ်မြောက်သွားပြီဟု ဆိုလိုက်ခြင်း ဖြစ်လေသည်။ သူတို့ဟာ သေဆုံးခြင်းကို မကြောက်လန့်ကြချေ။ ဘာကြောင့်လဲဆိုရလျှင် သူတို့ဟာသေဆုံးချင်ရင်တောင် သေဆုံးလို့မရသော အရာတွေဖြစ်နေသည်။ အခြားသူသတ်မှ ဒါမှမဟုတ် ကိုယ့်ကိုကိုယ်သက်သေမှ လွတ်မြောက်ခြင်းကို ရောက်ကြလေ၏။ သို့ပေသော်လည်း သူတို့ဟာ လွတ်မြောက်ချင်ပေမယ့် အသေတော့မခံနိုင်ပေ။

PortraitMaster(Complete)Where stories live. Discover now