Chapter_40

79 9 0
                                    

သူအိမ်မက်မက်နေတာလား..။

သူလုံးဝမထင်မှတ်ထားသည့် အရာတစ်ခုကို ယန်ကျန်းလီက ဆိုနေသည်။ ယန်ကျန်းလီ လိမ်နေမလားဆိုပြီး သူယန်ကျန်းလီနှင့် အကြည့်ချင်းဆုံလိုက်ပေသော်လည်း သူသိသည် ယန်ကျန်းလီက သူ့ကိုလိမ်နေသည် မဟုတ်ကြောင်းကို။

"ကိုယ်တော်ပြောတာ လွန်သွားတယ်ထင်တယ်"

မုချင်ရီက ဘာမှခွန်းတုံ့မပြန်လေသည့်အဆုံး ယန်ကျန်းလီက သူမုချင်ရီ၏ပါးကို ထိကိုင်ထားသော လက်ကို ဖယ်လိုက်ပြီး သူ၏ခါးကိုပွေ့ဖက်ထားသော မုချင်ရီလက်ကိုပါ ဖယ်ဖို့လုပ်လိုက်သည်။

သို့ပေသော် မုချင်ရီက သူ့ထက်လျင်မြန်စွာ သူ၏လက်ကိုပါ ဆွဲဖမ်းလိုက်ကာ သူ၏ခါးကို ပွေ့ဖက်ထားသော လက်တို့အား ပိုမို၍ တင်းကြပ်လိုက်သည်။

"ကိုယ်က ကျန်းလီကို မြင်မြင်ချင်းကတည်းက မြတ်နိုးမိတာ..ကျေးဇူးပြုပြီး အဲ့လိုစိမ်းကားတဲ့ ကိုယ်တော်တို့၊ မောင်မင်းတို့ မသုံးပါနဲ့လား"

"ဒါဆို ဘယ်လိုခေါ်ရမှာလဲ..."

သူ၏အသံကို ဆွဲလိုက်ပြီး ယန်ကျန်းလီက ဆိုလိုက်သည်။ မုချင်ရီက တစ်ချက်ပြုံးလိုက်ပြီး ယန်ကျန်းလီ၏ လက်ဖမိုးလေးပေါ်သို့ အနမ်းတစ်ချက်ခြွေလိုက်သည်။

"အချစ်လို့ဆိုရင်ရော...."

"တော်ပြီ"

"အာ...အစ်ကိုလို့ဆိုရင်ရော"

"ကိုယ်တော်က မင်းထပ်အသက်ကြီးပေမယ့် စဉ်းစားပေးမယ်"

ယန်ကျန်းလီက မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း ဆိုလိုက်လေသည်။ သူ၏ အပြုအမူကား တစ်ဖက်လူ၏ အမြင်၌ ချစ်မြတ်နိုးဖွယ် ကောင်းလေသောကြောင့် မုချင်ရီမှာ သူ၏ နှုတ်ခမ်းထက်သို့ တစ်ချက်ဖွဖွလေး နမ်းလိုက်သည်။

"ဒါဆိုရင် ကိုယ်တို့အခုကစပြီး ချစ်သူဖြစ်သွားပြီပေါ့"

"ဟုတ်ပါတယ်ဆို"

ယန်ကျန်းလီက စိတ်မရှည်တော့သည့်အတွက် ဆိုလိုက်လေသည်။ မုချင်ရီက တစ်ချက် သူ၏နှုတ်ခမ်းတို့ ကော့တက်လာသည်အထိ ပြုံးလိုက်မိသည်။ ထို့နောက် ထိုထက် ပိုရဲတင်းစွာ ယန်ကျန်းလီ၏ ကိုယ်လုံးအား ဆွေ့ခနဲ ပွေ့ချီလိုက်တော့သည်။

PortraitMaster(Complete)Where stories live. Discover now