Chapter_45

43 6 0
                                    

"မင်းတို့ပြန်တော့မှာလား..ခဏလောက်တော့ နေပါဦးလား၊ ပြီးတော့ မင်းကြီးကရော ပြန်ဖို့အဆင်ပြေရဲ့လား?"

ချန်ကျန်းဝေက ချက်ချင်းပင် ပြန်မည်လုပ်နေသော အဆိုပါ နှစ်ယောက်ကို မေးခွန်းထုတ်လေသည်။ သူက မင်းကြီးဟု ခေါ်လိုက်ခြင်းမှာ သူက ယန်ကျန်းလီ၏ အဆင့်အတန်းကို သိနေသောကြောင့် ရို့ကျိုးစွာ ​ခေါ်လိုက်ခြင်းသာ။

"ကိုယ်တော် အဆင်ပြေပါတယ်...ဒီအတိုင်း မြေအောက်ဘုံကို ပစ်ထားတာ နည်းနည်းကြာလို့ ပြန်ရတာပါ"

ယန်ကျင်းချန်က ဆိုလေ၏။ ထိုအဖြေသည်သာ သံသယမဝင်နိုင်ဆုံး အဖြေဖြစ်လေသည်။

ချန်ကျန်းဝေကား ခေါင်းတစ်ဆက်ဆက် ငြိမ့်လိုက်သည်။ ဖြစ်သင့်ပါသည်..။ ဘုရင်တစ်ပါးအနေနှင့် သူ၏ တိုင်းပြည်အား ပစ်ပြီး မည်ကဲ့သို့ နေနိုင်ပါမည်နည်း။ သူက နားလည်ပါသည်။

ထိုအချိန်၌ မုချင်ရီက ဆရာဖြစ်သူဘေးမှ လျိုယင်လီအား ဂါရဝပြုလိုက်​ပေသည်။

"ဒီဘက်က လျိုယင်လီကို ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်"

သူကား လျိုယင်လီက မည်သူဖြစ်သည်ကို မသိချေ။ လျိုယင်လီကား လေပူတစ်ချက်ကို မှုတ်ထူတ်လိုက်ကာ သူ၏ မျက်နှာစည်းနှင့် ခမောက်ကို ဖယ်ပြလိုက်တော့သည်။

"ကျွန်တော်ကို ဘယ်သူလဲ တကယ်မသိတာပဲ?"

သူ၏မျက်နှာကို ဖုံးကွယ်ထားသော အရာတို့အား ဖယ်ပြီးနောက် သူ၏ မျက်နှာချောလေးက ပေါ်ပေါက်လာသည်။ သူ၏ မျက်နှာသည် မိန်းမငယ်လေးရုပ်နှင့် အတော်အတန် တူပေသည်။ သူကား အခြားသူမဟုတ် ဂိုဏ်းက နတ်မိမယ်လေး တင်ဖန်းယဲ့ရုပ်ပင်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..လျိုယင်လီဟာ တင်ဖန်းယဲ့ဖြစ်လေပြီး တင်ဖန်းယဲ့ဟာ ယောကျာ်းလေး တစ်ယောက်ပေလား။

"ဆရာ လျိုယင်လီကို တောင်အောက်မှာ တွေ့ရတုန်းက သူက ယောကျာ်းလေးလိုမျိုးနေတာ ဒါပေမယ့်...."

ချန်ကျန်းဝေက ဆက်၍မပြောသေး။ လျိုယင်လီအား တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောရမလား၊ မပြောရမလား ဟူသည်ကို ကြည့်နေလေ၏။ လျိုယင်လီကား ခေါင်းတစ်ချက်ငြိမ့်၍ ဆက်ပြောရန် လက်ခံကြောင်းပြလိုက်သည်။ ထိုအခါမှ သူကဆက်၍-

PortraitMaster(Complete)Where stories live. Discover now