Chaper_22

120 11 0
                                    

ညနေ ​နေအေးချိန်ရောက်တော့မှ မုချင်ရီနှင့်ယန်ကျန်းလီဟာ အပြင်သို့ ထွက်လာ၏။ ယန်ကျန်းလီက နေပူဒဏ်ကို မခံနိုင်တာကြောင့် ယခုအချိန်မှ အပြင်ထွက်ခြင်း ဖြစ်သည်။ ဒီအတိုင်း အကာအကွယ်ယူပြီး အပြင်ထွက်လို့ရပေမယ့် နေအေးချိန်မှ ထွက်လျှင် ပိုကောင်းသောကြောင့် အခုမှထွက်လေခြင်းသာ ဖြစ်လေ၏။ ဖြစ်ချင်တော့ ထိုအချိန်တွင် သူတို့အပြင် အနားယူပြီးတော့ အခြားဂိုဏ်းသားတို့သည်လည်း အပြင်ဘက်တွင် ထွက်နေသည်။

ယန်ကျန်းလီ ဝတ်ထားသည့် ဝတ်စုံမှာကား ပုံမကျချေ။ ထိုဝတ်စုံဟာ မုချင်ရီ၏ကိုယ်လုံးအတိုင်း ချုပ်ထားသည်ဖြစ်ပေသောကြောင့် အတော်လေးချောင်နေခြင်း ဖြစ်နေသည်။ သို့ပေသော်လည်း ယန်ကျန်းလီသည် မည်သည့်အဝတ်အစားမျိုးပင်ဖြစ်ပါစေ သူနှင့်လိုက်ဖက်ပါပေ၏။ သူ၏ချောမောမှုအား ဘေးမှမုချင်ရီသည် ခိုးခိုးမကြည့်ပဲ မနေနိုင်ပါချေ။

"ကိုယ်တော် ဒီလိုဝတ်ထားတာ အဆင်ပြေပါ့မလား.."

ယန်ကျန်းလီက ဘေးမှ မုချင်ရီကို မော့ကြည့်ရင်း ဆိုလိုက်သည်။

"အဆင်ပြေပါတယ်..ကျန်းလီက ဘယ်လိုပဲဝတ်ဝတ် လိုက်ပါတယ်"

ယုစွအဆုံး ယန်ကျန်းလီက စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားရင်တောင် သူ၏ရုပ်ရည်သွင်ပြင်မှာ နဂါးမင်းတစ်ပါးအသွင် တည်ကြည်ခန့်ညားကာ ချောလှ​ပေ၏။ နဂါးမင်းဆိုသည်မှာ ဘုရင်တစ်ပါးဖြစ်သောကြောင့် ထိုသို့တူသည်ဟူ၍သာ ဆိုလိုက်ပေသော်လည်း စင်စစ်တွင်ကား သူကလှပသောကြာပန်းလေး တစ်ခုနှယ် ဖြစ်နေသည်။

မည်သို့ပင် လိုက်ဖက်သည်ဟု ဆိုနေပါစေ ယန်ကျန်းလီက ထိုအဖြေအား သဘောမကျပါချေ။ သူကထိုအဖြေကြောင့် အမေးနှင့်အဖြေ မကိုက်ညီသလို ခံစားလိုက်ရသည်။ သူမေးသည့် သဘောမှာ ထိုကဲ့သို့မှ မဟုတ်တာ။

"ကိုယ်တော် မေးတာက..မောင်မင်းတို့ ဂိုဏ်းသားမဟုတ်ပဲ ဒီလိုဝတ်တာ အဆင်ရောပြေရဲ့လား"

ထိုမေးခွန်းသည် တကယ့်စင်စစ် ယန်ကျန်းလီမေးသည့် မေးခွန်းဖြစ်ပေသည်။ မုချင်ရီက ထိုမေးခွန်းအား တစ်လွဲကောက်လိုက်ပြီး ယန်ကျန်းလီ၏ ဂုဏ်ရည်ဂုဏ်သွေးအား ထုတ်ဖော်မိလိုက်၏။ ထိုအခါတွင်မှ မုချင်ရီက သူ၏အမှားအား သတိထားမိကာ မသိမသာလေး ပြုံးမိသွားသည်။

PortraitMaster(Complete)Where stories live. Discover now