Chapter_17

79 12 0
                                    

တင်ဖန်းယဲ့သည်ကား စင်စစ်တွင်တော့ လီချင်းပြောသလိုမျိုးတော့ မဟုတ်ပေ။ သူမနှင့် မုချင်ရီက အရင်ကသိခဲ့သည့် အသိတွေနှင့် တူလေသည်။ တင်ဖန်းယဲ့က တစ်ချက်မျှ သက်ပြင်းချလိုက်သည်။ ထို့နောက် မုချင်ရီအား
မေးငေါ့ပြလိုက်လေသည်။

မုချင်ရီသည်က ပြုံးလိုက်သည်။

"မတွေ့တာကြာပြီနော်...မင်းအဆင်ပြေရဲ့လား"

တင်ဖန်းယဲ့က ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမဟာ မုချင်ရီအား နောက်ကျောပေးလိုက်ကာ အရှေ့သို့ တစ်လှမ်းချင်းလျှောက်နေသည်။ သူမသည် စကားတစ်ခွန်းကို ပြောဖို့ အားယူနေသလိုမျိုး ဖြစ်နေသည်။ အတန်ကြာငယ် တိတ်ဆိတ်လိုက်ပြီးနောက်မှ သူမသည် မုချင်ရီဘက်အား ပြန်လှည့်လာ၏။ ယင်းသို့ လှည့်လိုက်သည့်အခါ သူမ၏မျက်ဝန်းတွင် အနည်းငယ် ဝမ်းနည်းနေသယောင် ဖြစ်နေလေ၏။

"ရှင်ရော အဆင်ပြေရဲ့လား? ကျွန်မကိုရော မလွမ်းဘူးလား? "

တင်ဖန်းယဲ့၏ နှုတ်မှထွက်လာသော စကားတစ်ခွန်းပင်။ ထိုစကားအားပြောဖို့ သူမက အတော်လေး စဉ်းစားယူရသည် ထင်လေသည်။ သူမက ထိုစကားအားပြောပြီး မုချင်ရီအား မော့ကြည့်လာသည်။

မုချင်ရီက သူမအား မျက်​မှောင်ကြုံ့ကာ စိုက်ကြည့်လာ၏။ ထို့နောက် သူမထံမှ အကြည့်လွဲလိုက်ပြီးနောက်မှ_

"ပြီးပြီးသားကိစ္စတွေ ဆက်မပြောနဲ့တော့...လက်ရှိမှာ မင်းရော ငါရောက ဘာမှမပက်သတ်တော့ဘူး။ မဟုတ်ဘူး အစကတည်းက မပတ်သတ်တာ"

လက်ရှိအချိန်၌ တင်ဖန်းယဲ့နှင့်မုချင်ရီသည်ကား မည်သို့မှမပက်သတ်တော့ပေ။ မှန်လေသည် အရင်အချိန်က တင်ဖန်းယဲ့နှင့် မုချင်ရီသည် ပက်သတ်မှု ရှိခဲ့လေသည်။ သို့ပေသော်လည်း ယင်းအရာအား ပက်သတ်မှုဟူ၍လည်း ဆို၍မရနိုင်ချေ။ လွန်ခဲ့သည့်နှစ်တွေက တင်ဖန်းယဲ့သည် မုချင်ရီ အပေါ်သို့ တစ်ဖက်သတ် စိတ်ဝင်စားမှုရှိခဲ့လေ၏။ ထို့နောက် တစ်နေ့တွင် မုချင်ရီအား သူမကိုယ်တိုင်ပင် ဖွင့်ပြောခဲ့လေရာ မုချင်ရီက အပြတ်အသတ် ငြင်းပယ်ခဲ့လေသည်။ ထို့သို့အငြင်းခံရပြီးနောက် သူမဟာ မုချင်ရီအား စိတ်နာသွားပြီး မုချင်ရီအား လုံးဝ ​ရှောင်ဖယ်နေသည်မှာ ယခုမတိုင်မီ အထိပင်။ ခုနကအချိန်မှ မုချင်ရီအား သူမကပြန်လည်၍ စကားလာပြောခြင်း ဖြစ်လေသည်။ ထို့အပြင် သူမအား စကားလာပြောဖို့ ခေါ်လေတော့ သူမ စိတ်ထဲတွင် အတိုင်းမသိ ပျော်ရွှင်သွားတော့သည်။ သို့ပေမယ့် ယင်းပျော်ရွှင်မှုကား ခေတ္တမျှသာ ခဏကြာတော့ သူမ၏ပျော်ရွှင်မှုဟာ အလုံးစုံ ပျောက်ကွယ်သွားတော့လေသည်။

PortraitMaster(Complete)Where stories live. Discover now