Chapter_52

100 7 0
                                    

"မင်း...မင်းက...."

ငရဲမီးအရှင်၏ မျက်လုံးတို့က ပြူးကျယ်သွားသည်။

မဟုတ်မှ သူချစ်မြတ်နိုးတဲ့မိန်းကလေးက သူ့ဘေးနားရှိနေတဲ့ ယောကျာ်းလေးတစ်ဦးတဲ့လား။ ထိုယောကျာ်းကလည်း သူ့ထက်ရာစုနှစ်များစွာ အသက်ကြီးပြီး သူကြည့်မရတဲ့လူတစ်ယောက်တဲ့လား။

"အားးးးး!!"

ရှင်းမင်က သူ၏ လည်ချောင်းကို ကွဲမတတ် အော်ဟစ်လိုက်သည်။ သူ၏အမြှီး၉ ချောင်စလုံးက ဖြာထွက်နေပြီး သူ၏မျက်လုံးတို့ကား အနီရောင်တောက်တောက်သို့ ပြောင်းသွားကာ သူ၏လက်သည်းတို့က ရှည်လျားသော လက်သည်းအသွင်သို့ပြောင်းသွားလေသည်။

"ရား......"

တစ်ခနချင်း ရှင်းမင်တို့၏ အစွမ်းတို့ကား သာမန်ထက်ပို၍ များပြားလာခဲ့သည်။ တကယ်တော့ ရှင်းမင်ဟာ လက်ကောက်ရှိမှသာ အစွမ်းထက်မယ်လို့အားလုံးက ထင်နေကြပေမယ့် တကယ်တော့ရှင်းမင်က သူ၏အစွမ်းတွေများလွန်းလို့ လက်ကောက်ထဲမှာထည့်ပြီး သူ၏အစွမ်းတွေကို ဖုံးကွယ်ထားခြင်းသာ။

"မင်းတို့တော့ သေတော့မယ်!!"

ရှင်းမင်တို့၏ စိတ်တို့ကား ထိန်းမရတော့ပေ။ ထိန်းချုပ်မရသည့်အဆုံး သူက အဆုံးစွန်ထိ ကြမ်းတမ်းရန် စီစဥ်ခဲ့သည်။ သူကသူ၏အစွမ်းတို့အား အပြင်သို့ထုတ်လိုက်လေပြီးနောက် ထိုသုံးယောက်အား တစ်စမကျန်အကုန်ဆုတ်ဗြဲ၍ သတ်ပစ်လိုက်သည်။

"မင်း ဘာလုပ်လ်ိုက်တာလဲ!!"

ငရဲမီးအရှင်၏အသံက ထိုအခါမှသာ ရှင်းမင်၏နားထဲသို့ ဝင်လာခဲ့သည်။ သူ၏ရှေ့တွင်တော​​့ အစိတ်စိတ်အမြွာမြွာဖြစ်နေသော ရုပ်အလောင်းသုံးခု။

"ငရဲမီးအရှင် ကျွန်တော်...."

ဖြန်း!!

ရှောင်ယွင်၏အားပြင်လှသောရိုက်ချက် ရှင်းမင်က အစွမ်းမသုံးတဲ့အချိန်မို့ သူ၏ နဂိုခန္ဓာကိုယ်က အားနည်းနေသည့်အတွက် သူ၏ရိုက်ချက်အောက် ပုံကျသွားတော့သည်။

"မင်းက လုံးဝအောက်တန်းစားပဲ!! အစောင့်အရှောက် သုံးယောက်ကိုသတ်ရင် ငါတို့ဆီ ဘာအကျိုးဆက်ဖြစ်မလဲ မင်းမသိဘူးလား!!!!"

PortraitMaster(Complete)Where stories live. Discover now