Chapter_32

128 12 0
                                    

မုချင်ရီတစ်ယောက် ဝေလီဝေလင်း၌ နိုးထလာခြင်း ဖြစ်လေပြီး ချက်ချင်းကောက်ထ၍ မရတော့သည်ကို ခံစားလိုက်ရသည်။ သူသည် တင်းကြပ်သလို ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။ အကြောင်းကတော့ သူ့အားတစ်စုံတစ်ယောက်က တင်းကြပ်စွာ ပွေ့ထားလေသောကြောင့်ပင်။

မသကာင်္လေသောကြောင့် သူ၏ရင်ခွင်ထဲသို့ ငုံ့ကြည့်လိုက်လေရာ ခွေခွေလေး အိပ်နေသော ယန်ကျန်းလီအား တွေ့မြင်လိုက်ရလေသည်။

သူ၏ရင်ခွင်ထဲမှ ကောင်လေးသည်လည်း လှုပ်ရှားမှုကို တွေ့လိုက်ရသောကြောင့် သူ၏ ကြောင်လေးတစ်ကောင်နှယ် မျက်လုံးလေးများဖြင့် မော့ကြည့်လိုက်လေပြီး ဘာမှမဖြစ်သည့်ဟန် သူ၏နှုတ်ခမ်းတို့ ကော့တက်လေသည်အထိ ပြုံးလိုက်သည်။

"နိုးပြီလား? ကျွန်တော်လည်း ဖက်ကောင်းကောင်းနဲ့ ဖက်နေမိတာ... မုချင်ရီ မင်းက အရမ်းနွေးထွေးတာပဲ"

မုချင်ရီ-"...."

မုချင်ရီသည်ကား သူ့အပေါ်၌ အခေါ်အဝေါ် ပြောင်းလဲနေသည့်အပေါ် တစ်ချက်မျှ စွံ့အသွားပေသော်လည်း ထို့နောက်တွင်တော့ အံ့သြခြင်းမရှိချေ။ အကြောင်းသည်ကား ယန်ကျန်းလီ၏ မျက်လုံးအရောင်မှာ ပုံမှန်မဟုတ်သော မျက်လုံးအရောင် ဖြစ်နေသောကြောင့် ဖြစ်လေသည်။

သူလူ့ပြည်ကိုရောက်တုန်း ကျန်းလီ၏ ရောဂါကိုပါ ကုပေးလိုက်သင့်သလားတောင် တွေးယူရသည်။

ဤသို့အနေအထားအတိုင်း ခေတ္တခဏ ကြာသည်အထိ နှစ်ဦးသား ငြိမ်သက်နေမိသည်။

ယန်ကျင်းချန်၏ မျက်နှာသည်ကား တဖြည်းဖြည်း ပျက်ယွင်းလာလေကာ တစ်ခုခုအား အလိုမကျသည့်ဟန် ဖြစ်ပေါ်လာသည်။ သူက အဆုံး၌ အလိုလိုနေရင်း မုချင်ရီကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့်ကြည့်လိုက်ကာ-

"ကျွန်တော် သွားရတော့မယ်"

ယန်ကျင်းချန်သည် ထိုသို့သာ ပြောလေပြီး ထပ်မံ၍ သူ၏မျက်လုံး အစုံမှိတ်ကျသွားကာ အားလျော့သွားသကဲ့သို့ ဖြစ်သွားလေသည်။ ထို့နောက် အသိစိတ်ပြန်ကပ်သွားသည့်နှယ် သူ၏ မျက်လုံးတို့က ထပ်မံ၍ ဖြည်းညှင်းစွာ ပွင့်လာပြန်သည်။ ယခုအခါ၌ သူ၏ မျက်လုံးအရောင်လေးကား သလင်းကျောက်ကဲ့သို့ အရောင်လေး။

PortraitMaster(Complete)Where stories live. Discover now