Chapter_20

126 13 0
                                    


"ဒါဆို ညီမလေး...ဒီမှာပဲ နှုတ်ဆက်တာပေါ့"

မုချင်ရီက ဆရာအား နှုတ်ဆက်ပြီး အပြင်ရောက်တော့ လီချင်းအား နှုတ်ဆက်လိုက်သည်။ အကြောင်းကတော့ လီချင်းတို့ မိန်းကလေးဂိုဏ်းသားတွေ အဆောင်နှင့် သူတို့အဆောင်က ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ဖြစ်သည်။

လီချင်းသည်လည်း ထိုသို့နှုတ်ဆက်ပြီးသည်နှင့် သူမအရင်နေခဲ့သည့် အဆာင်နေရာသို့ ပြန်လာသည်။ သို့ပေမယ့် သူမ မပြန်ခင် ဆရာဖြစ်သူနှင့် တိုင်ပင်စရာရှိသည်ကို သတိရသွားလေ၏။ ထို့ကြောင့် သူမအနောက် ပြန်လှည့်ကြည့်လိုက်တော့ မုချင်ရီတို့မှာ မရှိတော့သည့်အတွက် သူမအနောက်ပြန်ဆုတ်ကာ ဆရာဖြစ်သူထံ ထပ်မံဝင်ရောက်လာသည်။ သူမသည် မည်သည်အရာကို သူမ၏ဆရာနှင့် ပြောမည်ကိုတော့ မည်သူမှမခန့်မှန်းနိုင်ချေ။

•••
"မောင်မင်းကရော အရင်အဆောင်ပြန်မှာလား"

ယန်ကျန်းလီက သူတို့အား လိုက်ပို့နေသော မုချင်ရီကို မေးခွန်းထုတ်လိုက်လေသည်။ မုချင်ရီကလည်း ယန်ကျန်းလီ၏ အမေးကြောင့် သူ၏ခေါင်းအား ခါလိုက်သည်။

"ဖန်းရုံကို လိုက်ပို့်ပြီးရင် ကျန်းလီကို ကိုယ့်နေတဲ့နေရာခေါ်လာဖို့"

မုချင်ရီ၏ စကားကြောင့် ယန်ကျန်းလီက နားမလည်သယောင် ဖြစ်သွားလေသည်။ အမှန်အတိုင်းဆိုလျှင် သူကဂိုဏ်းသားတစ်ယောက်မှ မဟုတ်တာ။ အဘယ့်ကြောင့်များ သူ့အားမုချင်ရီက ယင်း၏အဆောင်တွင် လာနေခိုင်းရသနည်း။ မည်သို့ပင်ဖြစ်စေကာမူ နည်းနည်းတော့ မသင့်တော်ပေဟု ယန်ကျန်းလီ ထင်မှတ်လေသည်။

"ကိုယ်တော် အဆင်မပြေလောက်ဘူး"

ယန်ကျန်းလီက ဆိုလိုက်လေ၏။ သူတို့အနားတွင် ရှိနေသော ဖန်းရုံမှာကား အခုအချိန် သူရှိနေသင့်လား၊ မရှိနေသင့်ဘူးလား ဆိုတာ မနည်းစဉ်းစားနေရသည်။ အကြောင်းကတော့ မုချင်ရီနှင့်ယန်ကျန်းလီတို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဆုံလျက် ရှိနေသောကြောင့် ဖြစ်လေသည်။ အနှီနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး လှပသည့်ရှုခင်းတစ်ခုအား ငေးကြည့်နေသလို ရင်သက်ရှုမောစွာ ကြည့်နေခြင်းသာ။

PortraitMaster(Complete)Where stories live. Discover now