Chapter_36

59 8 0
                                    

"နောက်ဆုံးတော့ ရောက်လာကြသားပဲ"

လျန်ရိက လက်ဖက်ရည်တစ်ခွက်ဌဲ့နေရင်းနှင့် အထဲသို့ဝင်လာသော အနှီသုံးယောက်ကို မြင်လေသော် သူမက လက်ဖက်ရည်အိုးကို ပြန်ချလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ရှောင်ယွင်ဘက်အား တစ်ချက်ဦးညွှတ်လိုက်သည်။

"ငရဲမီးအရှင်..ဂါရဝပြုပါတယ်။ ကြွပါ"

လျန်ရိက မျက်နှာများလှပေသည်။ သုံးယောက်အတူလာသည် ဖြစ်တာတောင် ငရဲမီးအရှင်အား ကပ်နေသည်။ ဤကား သူမ၏ အကျင့်တစ်ခုကဲ့သို့ ဖြစ်နေ၏။ သာမန်ပုံအတိုင်း ဆိုလျှင် သူမဟာ မင်းကြီးအား ကပ်ပေသော်လည်း မင်းကြီးမရှိသည့်အချိန်၌ ငရဲမီးအရှင်အား ကပ်လေသည်။

ရှင်းမင်ကား မျက်မှောင်ကြုတ်လျက် သူမအား ကြည့်လိုက်သည်။

တကယ်ပဲ သူမဟာ ဘာဖြစ်ချင်နေတာလဲ?

လျန်ရိကား ရှင်းမင်ဘက်အား တစ်ချက်ကြည့်လိုက်ကာ မထိမဲ့မြင်သဘောမျိုးဖြင့် လှောင်ထေ့လိုက်သည်။ ထို့နောက်တွင်မှ သူမဟာ ပိုင်ချန်အား မျက်နှာရိပ်ပြလိုက်သည်။ ပိုင်ချန်လည်း နားလည်စွာပင် စိတ်မပါလက်မပါဖြင့် ရှောင်ယွင် ထိုင်ဖို့ထိုင်ခုံကို အသင့်ပြင်ပေးလိုက်သည်။

မှန်ပေသည်။ သူ့အနေနှင့်စိတ်မပါသည်မဆိုနှင့် လုပ်ကိုမလုပ်ပေးချင်။ သို့ပေသော်လည်း အစ်မဖြစ်သူစေခိုင်းလေသောကြောင့် မလုပ်ပေးလို့ကမရ။

"မင်းအရင်ထိုင်"

ရှောင်ယွင်ကသူ့အတွက်ပြင်ပေးထားသည့်ခုံတွင် ရှင်းမင်အားအရင်ထိုင်ခိုင်းစေလိုက်သည်။ သူ့အတွက်သူ့ဘာသူလုပ်နိုင်သည်။ အခြားလူလုပ်ပေးသည်မ်ျိုး ​ရှောင်ယွင်ကမလိုချင်။

သ်ို့ပေသော် သူ၏သ​ဘောထားအား လျန်ရိက တစ်မ်ျိုးမြင်သွားပေသည်။ သူမဟာ မသိမသာ နှုတ်ခမ်းအား တစ်ချက်ဖိကိုက်မိသွားသည်။

တကယ်ပဲ သူတို့ဆက်ဆံရေးကဘာလဲ?

"အာ...ကျေးဇူးပါ"

ရှင်းမင်က ဆိုလိုက်ပြီးနောက် ထိုနေရာ၌ ထိုင်လိုက်လေသည်။ ထိုအခိုက်အတန် လျန်ရိ၏ မျက်နှာသည် ရုတ်ချည်း မဲညစ်သွားလေပြီး ရှင်းမင်ကို မကျေနပ်သလို ကြည့်လိုက်ပေသော်လည်း ရှင်းမင်မှာတော့ ပေါ့ပေါ့ပါးပါးပါလေ။ စားပွဲခုံပေါ်လက်ထောက်လျက် သူတို့၏အခြေအနေအား စောင့်ကြည့်နေသည်။

PortraitMaster(Complete)Where stories live. Discover now