Chapter_33

101 10 0
                                    

ထိုကောင်လေးသည် ပြတင်းပေါက်မှတစ်ဆင့် သူ၏သေးငယ်သော ကိုယ်လုံးလေးဟာ အခန်းထဲသို့ ဝင်ရောက်လာသည်။ သူဟာ သူ၏မျက်နှာအား ပိတ်စအဖြူရောင်ဖြင့် ဖုံးအုပ်ထားပြီး ဝါးခမောက်ကို ဆောင်းထားလေသည်။ ဝတ်ထားသည် ဝတ်စုံမှာတော့ သူတို့နည်းတူ ဂိုဏ်းဝတ်စုံပင် ဖြစ်လေ၏။

ဖန်းရုံသည်ကား ရုတ်တရက်ဝင်လာသော အနှီလူအား စိတ်မချချေ။ သူဟာသူ၏ ဓားအိမ်ပေါ်သို့ လက်တင်လိုက်ကာ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပါက မိမိကိုယ်ကို ကာကွယ်ရန် အသင့်အနေအထားဖြင့် နေနေသည်။

အနှီအပြုအမူ​ကြောင့် ထိုကောင်လေးဟာ မပြုံးပဲမနေနိုင်တော့။ သူဟာဘာကိုမှဂရုမစိုက် သူ၏ ခါးကြားထဲမှ အိတ်တစ်အိတ်အား ဖန်းရုံထံ ပစ်ပေးလိုက်သည်။ ဖန်းရုံသည်လည်း ဘာမှန်းညာမှန်းမသိ၊ သူထံသို့ ပစ်ပေးလိုက်သောကြောင့် အောက်မကျခင် အလိုလိုဖမ်းလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

ထိုအထုပ်အား ဖန်းရုံ ဖမ်းပြီးသည်နှင့် ထိုကောင်လေးမှာ ကျေနပ်သွားဟန်။

"အဲ့ထဲမှာပါတာက မှတ်ဉာဏ်ကို ထိန်းချုပ်နိုင်တဲ့ဆေးမှုန့်...ဘာကိုဆိုလိုလဲဆိုတာ နားလည်တယ်မှတ်လား?"

ဖန်းရုံကား အနှီစကားကြောင့် မျက်မှောင်ကြုတ် သွားသည်။ သူ ထိုဆေးမှုန့် အကြောင်းအား ကြားဖူးလေသည်။

မှတ်ဉာဏ်ဖျောက်သည့် ဆေးမှုန့်ဆိုသည်ကား ထိုဆေးအားခပ်ခံရပါက အခပ်ခံရသူ၏စိတ်တို့အား ထိန်းချုပ်နိုင်လေပြီး မှတ်ဉာဏ်များအား ထိန်းချုပ်နိုင်ပေသည်။

ထိုသို့ဆေးမျိုးသည် အလွန်ရှားပါးလေးပြီး လွယ်လွယ်ရှာမရချေ။ ဖန်းရုံ၏ မျက်နှာသည် ရုတ်ချည်းပျက်သွားပေတော့သည်။ အဘယ့်ကြောင့်များ သူထံတွင် ထိုသို့ဆေးမှုန့်မျိုး ရှိနေသနည်း။ ဤသည်ကား သွေးရိုးသားရိုးတော့ မဟုတ်ပါချေ။

"မင်းဘယ်သူလဲ?ဘာကြောင့် ဒီဆေးမှုန့်က မင်းဆီမှာရှိနေတာလဲ?"

ထိုကောင်လေး၏ ဖုံးကွယ်ထားသော ပိတ်စအောက်၌ သူ၏အပြုံးက ထင်ဟပ်သွားတော့သည်။

"ကျွန်တော့်နာမည်က လျိုယင်လီပါ။ ဘယ်သူလဲဆိုတာကတော့ ပြောလို့မရပေမယ့် ဒုက္ခပေးမယ့်လူတော့ မဟုတ်ပါဘူး...ဒီအတိုင်း အပေးအယူလုပ်ချင်ရုံလေးပါ"

PortraitMaster(Complete)Tempat cerita menjadi hidup. Temukan sekarang