Chapter_18

77 12 0
                                    

ယင်းတို့ လေးဦးသားမှာ ဆရာဖြစ်သူဆီသို့ အရင်နှုတ်ဆက်ဖို့ လာလေသည်။ ဤသည်မှာကား စည်းကမ်းချက် တစ်ခုပင်။ ထို့အပြင် ဧည့်သည်ကိုပါ ခေါ်လာခြင်းကြောင့်လဲ နားခိုရန် နေရာ စီရင်ပေးစေရန် အတွက် ဖြစ်လေ၏။ မုချင်ရီဟာ ဆရာဖြစ်သူ၏ အဆောင်အရှေ့အရောက်၌ သူ၏ခြေလှမ်းတို့အား ရပ်လိုက်လေသည်။ ထို့အပြင် သူက ယန်ကျန်းလီ ဘက်အား လှည့်လိုက်သည်။

"ကျန်းလီ...မင်းက မြေအောက်ဘုံသားဆိုတာ ဖုံးကွယ်ထားလို့ရမလား?"

"ဆရာတူအစ်ကို ဘာလို့လဲ?"

လီချင်းသည် ဆရာဖြစ်သူအား ဝင်ခွင့်ပြုရန် ခွင့်တောင်းမည်အပြု ယင်းတို့ကြားရုံသာ ပြောလိုက်သော မုချင်ရီ၏စကားကြောင့် သူမအနောက်သို့ လှည့်ကြည့်လိုက်ကာ မုချင်ရီ၏အသံ အနေအထားအတိုင်း ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။

"ရှစ်စွမ်းက ခွင့်ပြုမှာမဟုတ်လောက်ဘူး...ထားပါ...ဒီအတိုင်း မိတ်ဆွေအသစ်လို့ပဲ ပြောလိုက်မယ်"

ဆရာဖြစ်သူသည်ကား မုချင်ရီပြောသလိုမျိုး ခွင့်ပြုမည်မဟုတ်ချေ။ မှန်ပေသည်။ သူတို့၏ ဆရာသည်ကား မြေအောက်ဘုံသားတို့ကို အကြောင်းအရင်းမရှိ မကောင်းဆိုးဝါးဟူ၍သာ သက်မှတ်ထားလေသည်။ ထိုအရာသည်ကား သူ၏ဆရာဖြစ်သူတင်မက လူတိုင်းက သက်မှတ်ထားကြသည်။ လီချင်းကိုတောင် သူ​မြေအောက်ဘုံသားတို့ဟာ မကောင်းဆိုးဝါး မဟုတ်ကြောင်း အရင်က အတော်လေး ရှင်းပြခဲ့ရသည်။

ယန်ကျန်းလီမှာကား သူ၏ဖြစ်တည်မှုအား သိမ်ငယ်သွားသယောင် ခံစားလိုက်ရသည်။ သူသိသည်။ လူသားတွေဟာ သူတို့ကို မကောင်းဆိုးဝါးအဖြစ် သက်မှတ်ကြသည်ဟူသော အကြောင်းကို သူအရင်ထဲက တွေးမိပါသည်။

ထိုအခါ မုချင်ရီက ပြုံးလိုက်လေသည်။ ထို့နောက် လီချင်းအား ဆရာဖြစ်သူထံ ဝင်ခွင့်တောင်းဖို့ မျက်နှာရိပ်ပြလိုက်တော့သည်။ လီချင်းက တံခါးရွက်အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေသည်။

"ရှစ်စွမ်း...တပည့်တို့ လာတယ်"

သူမက အသံခပ်ကျယ်ကျယ် ပြောလိုက်လေသည်။ ထိုအခါ၌ တံခါးရွက်၏ တစ်ဖက်တစ်ချက်၌ ဆရာဖြစ်သူ၏ ခွင့်ပြုကြောင်း အသံပြုသံအား ကြားလိုက်တော့သည်။ ထိုအခါသူမက သူမ၏ ဆရာတူအစ်ကိုကြီးဘက်အား ပြန်လှည့်လိုက်ကာ ခေါင်းငြိမ့်ပြပြီးနောက် သူမ အရင်တံခါးရွက်အား ဖွင့်ကာ ဝင်လိုက်လေသည်။

PortraitMaster(Complete)Where stories live. Discover now