Chapter_12

168 20 0
                                    

အပိုင်း(၁၂)

ညအမှောင်ယံသည်ကား တဖြည်းဖြည်း အုပ်မှိုင်းလာသလို တိတ်ဆိတ်သော အိမ်တော်ထက်တွင်လည်း စကားပြောသံတို့ တိတ်ဆိတ်နေ၏။ သို့​ပေသော် လျန်ရိ၊ပိုင်ချန်နှင့် ပေထန်းတို့ သုံးယောက်သည်ကား တိတ်ဆိတ်နေပေမယ့် တစ်စုံတစ်ယောက် လာမည်ကို စောင့်နေသည်မှာ အတော်လေးတော့ ညဥ့်နက်လာလေပြီ။ သူတို စောင့်မျှော်နေရသည့် လူသည်ကား မရောက်သေးချေ။

ခဏကြာတော့ လျန်ရိမှာ မစောင့်နိုင်တော့ပေ။ သူမ၏မောင်ဖြစ်သူအား သူ၏အစွမ်းဖြင့် စောင့်မျှော်နေသူ ဘာများလုပ်နေသနည်းဆိုတာ ကြည့်ခိုင်းတော့သည်။ ပိုင်ချန်မှာ ခေါင်းငြိမ့်လိုက်ကာ ဖန်ကျောက်ပြားအား ထုတ်လိုက်ပြီးနောက် သူကြည့်ရှုဖို့ ပြင်လိုက်လေသည်။

ထိုအခိုက်အတန့် သူတို့၏အခန်းတံခါးမှာ လေပြင်းတစ်ခုကြောင့် ဝုန်းခနဲပွင့်ဟ သွားလေပြီးနောက် အမည်းရောင်ခြုံလွှာခြုံထားသော တစ်စုံတစ်ယောက်မှာ ဝင်လာလေသည်။ ထိုပုံရိပ်အား မြင်သည်နှင့် လျန်ရိနှင့် ပိုင်ချန်သည်ကား ချက်ချင်းဦးညွှတ်ကာ... 'အရှင့်အား ကြိုဆိုပါသည်'ဟု ဆိုလိုက်လေသော်လည်း ပေထန်းမှာကား သူဘယ်သူလဲ မသိသည့်လူမို့ ဦးမညွှတ်ချေ။

"ထလို့ရပြီ...မြွေအရှင်သခင် မင်းနောက်ဆုံးတော့ ကိုယ်တော့်ဘက်ပါလာပြီပေါ့"

ဘုရင်တစ်ပါးကဲ့သို့ အသုံးအနှုန်းကြောင့် ပေထန်း၏ မျက်ခုံးတစ်ဖက်မှာ ပင့်မိသွားလေသည်။ ထို့အပြင် သူ၏ဂုဏ်ပုဒ်အား သိနေသောကြောင့်လည်း အံ့အားသင့်သွားသည်။

လျန်ရိသည်ကား ပြုံးလျက် အရှင်ဆိုသည့် လူ၏အနားသို ကပ်သွားကာ သူ၏လက်မောင်းအား ဆွဲဖက်လိုက်ကာ ပြစ်ချွဲ​သောအသံဖြင့်_

"ဟုတ်တယ်လေ... အရှင် နောက်ကျတယ်။ တစ်လတစ်ခါလေး တွေ့ရတာတောင် ဘာလို့နောက်ကျနေရတာလဲ?"

သူသည်ကား မည်သို့သော စကားကိုမှ မဆို။ သူ၏လက်အား တွယ်ကပ်နေသော သဘင်သည်မိန်းကလေးအား ဖယ်လိုက်တော့သည်။ ထို့နောက် သူကအရှေ့သို့ ခြေလှမ်းကာ ပေထန်း၏ အရှေ့၌ သွားရပ်လေသည်။

PortraitMaster(Complete)Where stories live. Discover now