Chapter_3

410 38 0
                                    

အပိုင်း(၃)

အသက်ထွက်မတတ်အော်နေမိပြီး စိတ်ခံစားချက်က ယခုထိလေဟာနယ်ထဲတွင်လွင့်မြောနေတုန်းမို့ ငြိမ်သက်သည့်မြေပြင်ပေါ်သို့ကျဆင်းသွားပါက အသက်မရှင်နိုင်တော့ဘူးဟု လီချင်း ထင်မှတ်မိသည်။

အနှီဖန်းရုံအားယုံကြည်မိသည့် သူမကပဲမှားတာပါဟု တွေးရင်းသူမဟာ နောင်တတွေ တပွေ့တပိုက်ရနေသည်။ ထိုအခိုက်အတန့် လွင့်မျောနေခြင်းမှ ရပ်သွားပြီး မြေပြင်တစ်ခုပေါ် ရောက်ပြီဖြစ်မှန်းသိသွားလေသည်။ သို့ပေသော်လည်း ဒီလောက်အမြင့်မှ ပြုတ်ကျတာတောင် နာကျင်မှုကိုမူ မခံစားရချေ။

ထူးဆန်းနေသော အခြေအနေကြောင့် သူမကြောက်လန့်တကြားပိတ်ထားသော မျက်လုံးလွှာတို့အား ဖွင့်လိုက်လေရာ သူမမြင်လိုက်ရသည့် ကောင်းကင်အခြေအနေမှာ ညအချိန်ပုံမှန်မြင်နေကြ ကောင်းကင်နှင့် တူသည့်အတွက် မြေအောက်ကမ္ဘာအား ရောက်ရောရောက်ရဲ့လားဟု တွေးမိသည်အထိ။

"ကောင်းကောင်းရောက်ပါရဲ့လား?"

ဘေးမှသူမအားပြောဆိုလိုက်သောအသံကြောင့် သူမထိုလူအားကြည့်လိုက်တော့ ထိုလူဟာ ဖန်းရုံပါလေ။ ထို့နောက်သူမဟာ မုချင်ရီအား မတွေ့ရသည့်အတွက် စတင်ပူပင်သွားလေ၏။

ထိုအချိန်တွင် ဖန်းရုံကပြုံးလိုက်၍

"မင်းလက်ပတ်လေးကိုကြည့်လိုက်"

လီချင်းလည်းချက်ချင်းပင်ငုံ့ကြည့်လိုက်ရာ သူမပတ်ထားသောလက်ပတ်ထက်တွင် အမဲရောင်ကြိုးတစ်ခုကတွဲထားလျက်ရှိနေပြီး အတိုင်းအတာဟာအပ်ချည်ကြိုးမျှသာရှိလေ၏။ ထိုကြိုးဟာသူမအား တစ်နေရာရာနှင့် တွဲထားသယောင်။ သို့ပေသော်လည်း ထိုကြိုး၏အဆုံးကို​တော့မမြင်ရချေ။

"အဲ့တာက အစ်ကိုမုချင်ရီကို ရှာနိုင်မယ့်နည်းပဲ...ငါ့မှာလဲရှိတယ်"

သူ၏လက်ထဲမှရှိသော လက်ပတ်ကိုပါ ထုတ်ပြလိုက်လေ၏။ သူ၏လက်ပတ်သည်လည်း သူမနှင့်အတူတူဖြစ်ပေါ်နေသည်။ ထိုအခိုက်အတန့်တွင် လီချင်းသည် အကြောင်းအရာတစ်ခုအား နားလည်သွားလေသည်။

"ဒါက အစ်ကိုကြီးရှိမယ့်နေရာကို ပြမယ့်ဟာလား"

ချက်ချင်းပင် သူမ၏မျက်လုံးတို့က ဝင်းလက်သွားလေ၏။ ဖန်းရုံကလည်း ခေါင်းအသာငြိမ့်ပြလိုက်သည်။ လီချင်းလည်း ချက်ချင်းပင် မတ်တပ်ထရပ်ကာ ဘေးမှလဲကျနေသည့် ဖန်းရုံအားလက်ကမ်းပေးလိုက်သည်။

PortraitMaster(Complete)Wo Geschichten leben. Entdecke jetzt