Chapter_26

86 10 0
                                    

ဤသို့ဖြင့် ညဥ့်နက်ပိုင်းရောက်တော့ ပြောထားသည့်အတိုင်း ရေပူစမ်းသို့ သွားတော့လေသည်။

မုချင်ရီပြောသည့်အတိုင်း ထိုရေပူစမ်းသည် အတော်လေးတော့ ကောင်းမွန်ပါသည်။ ထိုရေပူစမ်းဟာ ရေတံခွန်မှခွဲ၍ ထွက်လာသော သဘာဝရေပူစမ်း တစ်ခုဖြစ်လေပြီး ရေချိုးဆောင်တစ်ခု အတွင်းသို့ ဝါးလုံးဖြင့် သွယ်သွင်းထားလေသည်။ မိန်းကလေး သက်သက်၊ ယောကျာ်းလေး သက်သက်ဟူ၍ ရေချိုးဆောင်အား နှစ်ခုခွဲထား​လေပြီး အတော်လေး ကောင်းမွန်ပေသည်။

"ကျန်းလီ..ဒီကအပြင်အဆင် ကောင်းတယ်မှတ်လား? အကယ်၍ မကြိုက်ရင်... နောက်နေ့ကြ စမ်းချောင်းမှာပဲ သွားချိုးရအောင်"

မုချင်ရီက သူတို့၏နေရာက ယန်ကျန်းလီအတွက် အနားယူဖို့ စိတ်အပန်းဖြေနေရာ မဖြစ်လောက်မည်ကို စိုးရိမ်နေပေသည်။ သူတို၏နေရာက ယန်ကျန်းလီတို့ နန်းတွင်းကလောက်တော့ ဘယ်လိုလုပ် ကောင်းပါ့မလဲ။

"မောင်မင်းတို့ဆီက အတော်လေးစုံသားပဲ..ကောင်းပါတယ် "

ယန်ကျန်းလီမှာကား သဘောကျဟန်ဖြင့် ပြောလိုက်လေသည်။ မုချင်ရီဟာလည်း သူ၏စကားကြောင့် ပြုံးမိလိုက်တော့သည်။ မုချင်ရီ၏ အကြည့်တို့ကား အရှေ့က ယန်ကျန်းလီ၏ အနည်းငယ်မျှ အဝတ်ဖြင့် လွတ်နေသော ပခုံးသားလေးဆီသို့ ရောက်နေသည်။

တစ်ကိုက်လောက်လေးပဲ ကိုက်ရရင်တောင် ဘယ်လောက်ကောင်းလိမ့်မလဲ။

"ကျန်းလီ!"

မုချင်ရီက ယန်ကျန်းလီ၏ ပခုံးပေါ်လက်တင်ကာ ခေါ်လိုက်လေ၏။ ယန်ကျန်းလီသည်လည်း သူ၏ပခုံး​ပေါ် လက်တင်ထားသော မုချင်ရီကြောင့် ဘာများဖြစ်လို့လဲ ဆိုပြီး အနောက်သို့ လှည့်ကြည့်မိသည်။

သူကမည်သည့် စကားမှမဆိုသေးချေ။ မုချင်ရီအား မော့ကြည့်ရုံသာ ကြည့်နေသေးသည်။ မုချင်ရီက ယန်ကျန်းလီ၏ ခါးလေးအား သိမ်းဖက်လိုက်သည်။ ထို့နောက်တွင်မှ သူ၏ခေါင်းအား အနည်းငယ်စောင်းကာ ငုံ့လိုက်ပြီး ယန်ကျန်းလီ၏ လည်ပင်းနေရာသို့ ဦးတည်လာပေသော်လည်း ယန်ကျန်းလီက အခုထိ အခြေအနေအား နားမလည်သေးပေ။

PortraitMaster(Complete)Where stories live. Discover now