Chapter_6

233 30 0
                                    

အပိုင်း(၆)

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က မြေအောက်ဘုံမှာဘုရင်မင်းမြတ်တစ်ပါးရှိလေပြီး ထိုဘုရင်သည် လက်ရှိဘုရင်မင်းမြတ်၏ ဖခင်ဖြစ်လေသည်။

တစ်နေ့တွင် အနှီဘုရင်မင်းမြတ်သည် မိဖုရားတစ်ပါးအား တင်မြှောက်ခဲ့ရာ ထိုမိဖုရားသည် အလွန်ချောမောပြီး စိတ်သဘောထား ပြည့်ဝသောကြောင့် မိဖုရားခေါင်ဖြစ်သူ ပထမမိဖုရားသည် သူမအား မကျေနပ်ခဲ့ချေ။ ဤသို့နေလာရင်း မိဖုရားလေးသည် ကိုယ်ဝန်ရှိလာသောကြောင့် နန်းတော်တစ်ခုလုံးသည် သူမအား သည်းသည်းလှုပ်ဖြစ်ကြလေရာ မိဖုရားခေါင်ဖြစ်သူက ဒေါသထွက်ပြီး သူမ၏ကလေးအား ဖျတ်ချရန် ကြံစည်နေသည်။

နောက်ဆုံးတွင်တော့ သူမအကြံအစည်ဟာ အောင်မြင်သွားသည်ဟု ဆိုရမည်လားတော့မသိ။ သူမခပ်လိုက်သော အဆိပ်ကို ထိုမိဖုရားက ​သောက်ခဲ့မိလေသည်။ သို့ပေသော် အဆိပ်မိကြောင်း သိရသောအခါ သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ နန်းသွေးအား ကယ်တင်ဖို့အတွက် ထိုမိဖုရား၏ဗိုက်အားခွဲကာ မွေးထုတ်ခဲ့ရသည်။

မိဖုရားသည်ကား ယောကျာ်းလေး နှစ်ယောက်အမွှာအား မွေးထုတ်နိုင်ခဲ့သော်လည်း သူမ၏ အသက်ဆုံးရှုံးခဲ့သလို သားတော်တစ်ပါးသည်လည်း အသက်ဆုံးရှုံးခဲ့ရလေ၏။

အဆိပ်ခပ်သောလူမှာမိဖုရားခေါင်ဖြစ်ကြောင်းသိသွားတော့ ဘုရင်မင်းမြတ်ကလည်း သူမအား သေဒဏ်ချမှတ်ခဲ့လေသည်။

ထို့နောက်တွင်တော့ အရာအားလုံးသည်ကား ပုံမှန်ဖြစ်သွားလေပြီဟူ၍ ထင်မှတ်ကြသော်လည်း လက်တွေ့အစစ်အမှန်တွင်ကား ထိုသို့မဖြစ်ချေ။

သေဆုံးသွားပြီဖြစ်သောမင်းသားငယ်၏ဝိဥာဉ်သည် အသက်ရှင်ခဲ့သော မင်းသားငယ်၏ခန္ဓာကိုယ်တွင် စွဲကပ်လာပြီးထိုဝိဥာဉ်သည် မင်းသား၏ မူလဝိဥာဉ်အိပ်ပျော်နေစဉ်တွင် ပူးကပ်ခဲ့သည်။ သို့ပေသော်လည်း ထိုအကြောင်းအား ကာယကံရှင်မင်းသားငယ်ရော မည်သူမှမသိချေ။ မြေခွေးလေးရှင်းမင်ကသာ သတိထားမိ၍ ထိုဝိဥာဉ်လေးအား 'ယန်ကျင်းချန်' ဟူပြီးအမည်ပေးခဲ့ခြင်း ဖြစ်လေသည်။

မင်းသားငယ်ချင်းအတူတူတောင်မှ ကံတရားသည်ကား ဆိုးဝါးလှပါသည်။ ဒါမှမဟုတ် ကံတရားကဒဏ်ခတ်ခြင်းများဖြစ်လေလိမ့်မလား?

PortraitMaster(Complete)Where stories live. Discover now