Chapter_19

99 8 3
                                    


အဆိုပါ အဆောင်အတွင်း၌ ဆရာဖြစ်သူသည် အလုပ်ရှုပ်နေဟန် တူလေသည်။ သူဟာ စာရွက်ပေါ်တွင် ကြာပန်းဖြူတစ်ပွင့်အား အသေးစိတ် ရေးဆွဲနေပြီး အရောင်ပါထည့်နေသည်။ ထိုကြာပန်းဖြူသည်ကား ဂိုဏ်း၏ဥယျာဉ်တော် အတွင်းရှိ နတ်ဘုံ့က တည်ဆောက်ထားသလို ထင်မှတ်ရတဲ့ရေကန်မှာ ပွင့်နေသည့် ကြာပန်းအစစ်ကဲ့သို့ ထင်မှတ်သည်အထိ အသေးစိတ်ကျကာ အသက်ဝင်လွန်းလေသည်။

"ရှစ်စွမ်း ကျွန်မ..."

လီချင်းက သူမ၏ဆရာအား စကားပြောမည်အပြု ဆရာဖြစ်သူဟာ သူ၏စုတ်တံအား ချလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် နေဦးဟူသည့် သဘောပြလေသောကြောင့် သူမ တိတ်ဆိတ်သွားတော့သည်။

ဆရာဖြစ်သူသည်ကား ဆုတောင်းဝတ်ပြုသလိုမျိုး သူ၏လက်အား လုပ်လိုက်ပြီးနောက် တစ်ခုခုအား ရေရွတ်လိုက်လေသည်။ ထို့နောက်မှ သူ၏လက်အား ပြန်ဖြေချကာ ဆေးမခြောက်သေးသည့် စာရွက်အပေါ်သို့ နှစ်ဖက်စလုံးတင်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ ထို့နောက် ပြန်လည်၍ ရှုထုတ်ကာ ချီစွမ်းအင်အချို့ကိုပါ သူ၏လက်နှစ်ဖက်လုံး၌ ထုတ်လိုက်ပြီး ဖြန့်ချလိုက်လေသည်။ ယင်းတို့လုပ်သည့်အခါ နောက်တစ်ဆင့်သည်ကား ထိုဖြန့်ချထားသော စွမ်းအင်တို့အား ပြန်ယူကာ ကြာပန်းဖြူကိုပါ အပြင်သို့ဆွဲထုတ်ရန် ဖြစ်ပေမယ့် သူသည်ကား ဤကဲ့သို့မလုပ်ချေ။ ယင်းသည် ထုတ်လွှတ်ထားသည့် ချီစွမ်းအင်၏ တစ်ဝက်မျှကိုသာ ပြန်ဆွဲယူလိုက်ပြီး ကြာပန်းကိုပါ တစ်ဖက်မျှသာ ဆွဲထုတ်လေသည်။ တစ်ဝက်မျှသာ ပေါ်ထွက်လာလေသော ကြာပန်းအား မသိမ်းဆည်းရသေးသည့် စွမ်းအင်တို့ဖြင့် အစိတ်စိတ်အမွှာမွှာ ကြွေလွင့်သွားအောင် လုပ်လိုက်လေသည်။ အလွန်လှပလွန်းသည့် ကြာပန်းသည်ကား ပွင့်လွှာတို့မှာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားကာ သူကပို၍အား စိုက်လိုက်လေတော့ ချက်ချင်းပင် ညိုးနွယ်နွမ်းဖတ် သွားတော့သည်။ ထို့နောက်တွင်တော့ ဆရာဖြစ်သူမှာ တစ်ချက်ပြုံးလိုက်လေ၏။ ထိုအခါမှ ချီစွမ်းအင်အား ပြန်လည်၍ သိမ်းဆည်းလိုက်ကာ အကျည်းတန်သွားသည့် ကြာပန်းသည်ကား စားပွဲခုံအောက်သို့ ကျသွားလေသည်။ သို့ပေမယ့်လည်း ကြာပန်း၏ဓာတ်တို့ ဖုံးလွှမ်းနေသည့် ချီစွမ်းအင်အား ပြန်လည် စုပ်ယူလိုက်သည့်သူမှာကား အရင်ကထက်ပိုမို၍ နုပျိုသွားသလို ပို၍လန်းဆန်းသွားဟန် ဖြစ်သွားလေသည်။

"ဆရာက ခုနက ဆံပင်ဖြူတစ်ပင်တွေ့မိလို့ ပြန်နုပျိုသွားအောင် လုပ်နေတာပါ"

"...."

ဆရာဖြစ်သူမှာကား မသေမျိုးတော့ မဟုတ်ချေ။ သူမသေအောင်တော့ မလုပ်နိုင်ပေသော်လည်း ပြန်လည်၍ ငယ်ရွယ်နုပျိုအောင် လုပ်နိုင်လေသည်။ အသက်ရှစ်ဆယ်လောက်ရှိမည့် ဆရာဖြစ်သူသည်ကား ရုပ်ရည်နှင့် အင်အားတို့မှာကား သူတို့လို နှစ်ဆယ်ဝန်းကျင်နှင့် မတိမ်းမယိမ်းပေ။ သို့ပေမယ့်လည်း ယန်ကျန်းလီ၏ အသက်နှင့် ယှဉ်ရင်တော့ သူတို့ဆရာမှာကား ကလေးအရွယ်မျှသာ။

"ရှစ်စွမ်း...ကျွန်တော်တို့ ဧည့်သည်ခေါ်လာတယ်"

မုချင်ရီက ဆရာဖြစ်သူအား ဆိုလိုက်လေသည်။ ဆရာဖြစ်သူသည်ကား မုချင်ရီ၏စကားကြောင့် အနောက်ကပါလာသော လူနှစ်ယောက်ကို ကြည့်လိုက်လေ၏။

တစ်ယောက်မှာကား သူကိုယ်တိုင်ပင် အသက်သွင်းထားသည့် အစောင့်အရှောက် ဖြစ်ပေမယ့် နောက်တစ်ယောက်ကိုတော့ သူလည်းမသိချေ။ သို့ပေမယ့် ထိုတစ်ယောက်၏ ဥပဓိရုပ်ခံမှာ ကောင်းမွန်သဖြင့် လူကောင်း တစ်ယောက်သာ ဖြစ်လေမည်ဟု သူထင်လေသည်။ ထို့နောက် သူဟာ အကြည့်လွှဲလိုက်တော့သည်။

"မင်းတို့အရင်ကနေတဲ့ အဆောင်မှာပဲသွားနေကြ...ဧည့်သည်တွေကိုတော့ ပြိုင်ပွဲကျင်းပမယ့် နေရာနားမှာ သီးသန့်အဆောင် တစ်ဆောင်ရှိတယ် အဲ့မှာပြောပြီးနေရာယူလိုက်...ဒါထက် မင်းတို့က တစ်ရက်တောင် နောက်ကျပြီးမှ ရောက်လာတာပဲ"

ဆရာဖြစ်သူမှာထိုသို့ပြောပြီးနောက် သူတို့အား အနားသွားယူခိုင်းတော့လေသည်။

အမှန်ဆိုလျှင် အခြားဂိုဏ်းသားတို့မှာ မနေ့ကတည်းက ရောက်နေခြင်းသာ ဖြစ်လေသည်။ တော်သေးသည်က ဆရာဖြစ်သူမှာ လေ့ကျင့်ချိန်ထပ်မံ၍ ဆယ်ရက် ပေးထားလေသောကြောင့် ဖြစ်လေသည်။ ဆယ်ရက်ဟူသောအချိန်မှာ မြေအောက်ဘုံ တွင်တော့ နေ့တစ်ဝက်နီးပါးလောက် ရှိလေမည်။ ကြည့်ရသည်မှာ မြေခွေးလေးတော့ အလုပ် အတော်လေး ရှုပ်မည်ထင်လေသည်။

********************************

Uni

PortraitMaster(Complete)Where stories live. Discover now