Chapter_34

78 9 0
                                    

"ရှစ်စွမ်း..တပည့်ခိုင်းတဲ့အတိုင်းပြောပြီးပါပြီ"

လျိုယင်လီတစ်ယောက် ဖန်းရုံထံမှ ပြန်ရောက်သည်နှင့် သူ၏ ဆရာဖြစ်သူဆီပြန်လာကာ အကျိုးအကြောင်း ပြောပြလေသည်။

ချန်ကျန်းဝေသည်ကား ဖန်းရုံမှ သူခိုင်းစေသည်ကို ငြင်းလိုက်သည်ဟူသော စကားကြားပေသော်လည်း စိတ်ဆိုးခြင်းအလျဉ်းမရှိ။ သူခိုင်းသည်ကို ငြင်းလေခြင်းမှာ သူကိုယ်တိုင် လာရောက်ခိုင်းစေခြင်း မဟုတ်သောကြောင့် လ်ျိုယင်လီကို မယုံကြည်ခြင်းလည်း ဖြစ်ပေနိုင်သည်။ သို့ပေသော်လည်း လျိုယင်လီ၏ စကားများအား သံသယရှိစွာ များမကြာမီဆိုလျှင် ဖန်းရုံမှာ သူ့ဆီလာမည်ဆိုသည်ကား ​သေချာပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်းရုံအနေနှင့် သူဖန်တီးခဲ့လေခြင်း ဖြစ်သောကြောင့် သူ့အမိန့်ကို နာခံပေမည်။

"တပည့်တစ်ခုအရဲစွန့်မေးပါရစေ..သူ့ကို ဘာကြောင့် အတိတ်မေ့ဆေးမှုန့်ကို ခပ်ခိုင်းရတာပါလဲ? ပြီးတော့ မနေ့ညကပြောတာ ဆရာတူအစ်ကိုကြီးကို..."

လျိုယင်လီက မေးခွန်းမဆုံးခင် ချန်ကျန်း​ဝေက တစ်ချက်မျှစူးစိုက်စွာကြည့်လိုက်ပြီး ဟန့်တားလိုက်သည်။ လျိုယင်လီလည်း သူ့အား မမေးစေချင်သည်ကို သိသွားလေတော့မှ အသံတိတ်သွားတော့သည်။

ချန်ကျန်းဝေက သက်ပြင်းတစ်ချက်ချလိုက်သည်။

"မုချင်ရီရဲ့ မျက်လုံးတွေထဲမှာ အချစ်အရိပ်အယောင်တွေကို မြင်ရတယ်..အဲ့အချစ်က တစ်ဦးတစ်ယောက်ထဲကိုပဲ ဦးတည်တဲ့အချစ်မျိုးပဲ"

ချန်းကျန်းဝေက ဆက်၍ဆိုလိုက်သည်။

"ငါ့တပည့်ကိုတော့ ငါတုန်းကလိုမ်ျိုး မဖြစ်စေချင်ဘူး..ပြီးတော့သူကြိုက်တာကလည်း ငါ့တုန်းကလို မြေအောက်ဘုံသားပဲလေ"

မှန်ပေသည်။ ချန်ကျန်းဝေမှာထိုကိစ္စအား လီချင်းပြော၍ သိပြီးသွားလေပြီ။ လီချင်းသည်ကား ဆရာဖြစ်သူအား ထိုကိစ္စပြောသည်ဆိုသည်မှာ သူမ၏ ဆရာဖြစ်သူမှ ထိုအဖြစ်အားသိပါက သဘောမတူဘူးဟု ထင်မှတ်ခဲ့လေသောကြောင့် ဖြစ်လေ၏။

"ရှစ်စွမ်း ဆိုလိုတာက..ဆရာတူအစ်ကိုကြီးကို သူနဲ့သဘောတူတယ်ပေါ့။ ဒါဆိုရင် ဆရာတူအစ်မကရော...."

PortraitMaster(Complete)Where stories live. Discover now