Chapter_5

291 34 2
                                    

အပိုင်း(၅)

ရေချိုးဆောင်အတွင်းမှ ထွက်ခွာပြီးသည်နှင့် ယန်ကျန်းလီသည် သူ၏ညဝတ်ဝတ်စုံ မထူမပါးလေးအား ပြန်လည်ဝတ်စုံလိုက်ပြီး သူ၏ အဆောင်တော်အတွင်းသို့ ပြန်လာသည်။

သူ၏စိတ်တို့သည်ရှုပ်ထွေးနေပြီး သူကိုယ်သူ ဘာဖြစ်လို့ဖြစ်ခဲ့တာလဲမသိ။ ကြည့်ရသည်မှာ သူ့စိတ်ရောဂါအခြေအနေ ဆိုးသွားလေပြီထင်သည်။ ထိုအဖြစ်အပျက်ဟာ အိမ်မက်ဖြစ်ခဲ့သည်လား။ တကယ့် အစစ်အမှန်လားတော့ မသိချေ။

ထိုအချိန်တွင် တံခါးခေါက်သံကြားရ၍ ယန်ကျန်းလီလည်း ဝင်ခွင့်ပေးလိုက်တော့ ယောကျာ်းလေးအသွင်ဖြင့် ရှင်းမင်ကဝင်လာပြီး နှုတ်ဆက်လိုက်သည်။

"မင်းကြီးကို ဂါရဝပြုပါတယ်...မင်းကြီးနဲ့တွေ့ဆုံဖို့ လူသားသုံးယောက်ရောက်လာပါတယ်"

"လူသားသုံးယောက်?"

ယန်ကျန်းလီသည် တစ်ဆက်တည်း မေးလိုက်သည်။ ရှင်းမင်လည်း ခေါင်းငြိမ့်လိုက်ကာ သူ့အနောက်လိုက်ခဲ့ဖို့ပါ ဆိုလိုက်လေတော့ ယန်ကျန်းလီလည်း သက်ပြင်းသက်သက်လေး ချလိုက်ပြီး ရှင်းမင်အနောက်သို့ လိုက်လာခဲ့သည်။

ယန်ကျန်းလီသည် ရှင်းမင်နောက်ကို လိုက်လာရင်း မြေခွေးလေး၏အခန်းသို့ ရောက်လာလေသည်။ ထိုတသင်္ဂတွင် ရှင်းမင်၏အခန်းထဲသို့ ဝင်လာလိုက်ပြီး သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယန်ကျန်းလီတစ်ယောက် မျက်လုံးတို့မှာ အံ့သြခြင်း အရိပ်အယောင်တို့ ဖြတ်ပြေးသွားလေ၏။

မုချင်ရီတို့သုံးယောက်သည် ရှင်းမင်၏အခန်းထဲတွင် မင်းကြီးလာမည်ဆိုသောကြောင့် စောင့်နေပြီး တံခါးပွင့်သံကြားသောကြောင့် ထိုနေရာသို့ ကြည့်လိုက်လေရာ ထိုအခိုက်အတန့်တွင် သူသည် သလင်းပြာရောင် မျက်လုံးတို့နှင့် အကြည့်ချင်း ဆုံသွားသည်။

စွန်ရဲတစ်ကောင်ကဲ့သို့ရဲရင့်ပြတ်သားသည့် အနှီမျက်ဝန်းတ်ို့သည် စူးရှနေပြီး သူ၏နှုတ်ခမ်းတို့က တစ်ခုခုပြောချင်သလို အနည်းငယ်ဟမိလိုက်သည်။ သို့ပေမယ့် သူ၏ပြောမည့်စကားများကို တိတ်ဆိတ်လိုက်သည်။

PortraitMaster(Complete)Where stories live. Discover now