Chapter_47

53 6 0
                                    

အစည်းအဝေးခန်းထဲတွင် လူစုံနေပြီ ဖြစ်သည့်တိုင် မည်သူမျှ စကားဦးစွာ မပြောသေးချေ။ အကုန်လုံးမှာ တိတ်ဆိတ်နေမိသည်။ အစောင့်အရှောက် ငါးယောက်ထဲမှ ငရဲမီးအရှင်ကိုသာ ဖယ်ချန်၍ ထားသည်ကား လက်ခံနိုင်စရာမဟုတ်။ ရှောင်ယွင်က စင်စစ်အားဖြင့်ဆိုလျှင် မင်းကြီးလူ့ပြည်သွားနေသည့်အခ်ျိန်၌ အကုန်လုံးထက်ပို စိုးရိမ်နေသူ ဖြစ်သည်။ အခုဆိုရင်တောင် သူဟာ မင်းကြီး ပြန်ရောက်လို့ရောက်မှန်းတောင် မသိသေးချေ။ အနည်းဆုံးတော့ အကျိုးအကြောင်း ပြောသင့်ပါသည်။

ရှင်းမင်မှာ သူနှင့် စားပွဲတစ်ဝိုင်းထဲ ထိုင်နေသော မြွေအရှင်သခင်ကို လှမ်းကြည့်လိုက်လေသည်။ မြွေအရှင်သခင်သည်ကား အရင်ကအတိုင်း ပြောင်းလဲခြင်းမရှိ။ သူ၏ခံစားချက်မသိသော မျက်နှာက သာမန်အတိုင်း တည်တံ့နေသည်။

မြွေအရှင်သခင်က ဘာကြောင့် ဒီနေရာမှာ ရှိနေရတာလဲ?သူက သေသွားပြီ မဟုတ်ပေလား?

ရှင်းမင်က မေးခွန်းထုတ်ရန်အတွက် ပါးစပ်ဟလိုက်သော်လည်း ယန်ကျင်းချန်ကား ချောင်းတစ်ချက်ဟန့်ကာ ဟန့်တားလိုက်သည်။

ထို့နောက်တွင်မှ-

"မြွေအရှင်သခင်...မောင်မင်း လိုချင်တာက ထီးနန်းလို့ ပြောခဲ့တယ်မဟုတ်လား?"

ပေထန်းကား အဆိုပါစကားကြောင့် ယန်ကျင်းချန်အား တစ်ချက်လှမ်း ကြည့်လိုက်မိသည်။ ပိုင်ချန်နှင့် လျန်ရိလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသလို ရှင်းမင်မှာတော့ မျက်မှောင်ကြုတ်မိသည်။

"မှန်ပါ့..အဲ့တာက မင်းကြီးနဲ့အပေးအယူလုပ်ဖို့ တောင်းဆိုထားတဲ့အရာပါ"

ရှင်းမင်ကား သူတို့ပြောသည်ကို နားမလည်တော့။ မြွေအရှင်သခင်...အပေးအယူ...သေချင်ယောင်ဆောင်သည်...အနှီသုံးခုသည်ကား တစ်ခုခုတော့ ပက်သတ်နေမည်မှာ သေချာသည်။ တစ်ဆက်တည်း သူတွေးမိသည်က လူသားမျိုးနွယ်၏သေဆုံးခြင်း။

မဟုတ်မှ...ထိုကိစ္စက မင်းကြီးပါ ဝင်ပက်သတ်နေတာလား။

"ကျွန်တော်မျိုး ဟိုတလောကတင် ဖြေရှင်းရတဲ့ လူသားမျိုးနွယ်တွေကို သတ်တဲ့အမှုက မင်းကြီးနဲ့မြွေအရှင်သခင်ရဲ့ အပေးအယူထဲ ပက်သတ်နေလား?"

PortraitMaster(Complete)Where stories live. Discover now