Chapter_27

88 11 0
                                    

"ရှင်..မုချင်ရီနဲ့တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ပြီးပြီ မှတ်လား?"

ဖုန်လင်ဇီဟာ ဖယောင်းမီး အကူအညီဖြင့် ကဗျာရေးစပ်နေသော ရှန်ကျိုကို မေးခွန်းထုတ်လိုက်လေသည်။ သူဟာမုချင်ရီကို စိန်ခေါ်ခဲ့ပေသော်လည်း အခုထိ​အေးဆေးပင် ဖြစ်နေသေးသည်။ အမှန်ဆိုသူဟာ အခုချိန်လေ့ကျင့်နေရမည် မဟုတ်လား။

သူမ၏စကားကြောင့် ရှန်ကျို၏လက်မှာ တိခနဲရပ်သွားလေ၏။ ထို့နောက် သူဟာ ဂရုမစိုက်စွာပင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည်။

"မင်းရှိနေတာပဲ..ငါက အထွေအထူး လေ့ကျင့်စရာမှ မလိုတာ"

"အဲ့လောက်လည်း မဟုတ်ရပါဘူး"

ရှန်ကျို၏ ချီးကျူးစရာအား အနေရခက်စွာ ဖုန်လင်ဇီက ပြန်ဖြေလေသည်။ သူမက အဲ့လောက်ထိလည်း တကယ် မတော်ပါလေ။

စင်စစ်တွင် ဖုန်လင်ဇီက ပါရမီပါသော မှော်ဆရာမ တစ်ဦးထက် မပိုပေ။ သူမသည် ငယ်စဉ်ကတည်းက ထိုပညာအား လေ့လာခဲ့လေပြီး အတော်လေးတော့ တတ်ကျွမ်းလေပေသော်လည်း ရှန်ကျို ချီမွမ်းရလောက်သည်အထိတော့ မဟုတ်လောက်ချေ။ သူမဟာ သာမညလေးသာ။

"အဲ့နေ့ သူ့ကိုအနိုင်ယူရမယ်"

ဖုန်လင်ဇီကလည်းပြုံးလျက်-

"ကျွန်မ ရှင့်ကိုယုံပါတယ်..ရှင်လုပ်နိုင်မှာပါ"

သူမက ရှက်သွေးဖြာစွာပင် ဆိုလိုက်ရင်း ပြုံးလိုက်လေတော့သည်။

*******

မုချင်ရီနှင့်ယန်ကျန်းလီတို့ နှစ်ယောက်သည်ကား ရေပူစမ်းအခန်းဆောင် နေရာရောက်တော့ သူတို့အပြင် မည်သူမှမတွေ့သည်ကို တွေ့လိုက်ရသည့်အခါ မုချင်ရီက တစ်ချက် သံသယဝင်သွားတော့သည်။

တင်ဖန်းယဲ့ဟာ ဘယ်သူနှင့်များတွေ့နေလို့လဲ? ထို့အတူ သူဟာဘာလို့မရှိတော့တာလဲ?

သံသယဝင်ခြင်းများစွာဖြင့် မုချင်ရီက တွေးမိလိုက်လေသည်။ သို့ပေသော် သူနှင့်မဆိုင်သည့်ကိစ္စဖြစ်သည့်အတွက် ထိုကိစ္စအပေါ် သူအာရုံမစိုက်လေတော့။

သူဟာ လူ့ပြည်ကို ခေတ္တခဏသာလာပြီး မြေအောက်ဘုံတွင်သာ တစ်သက်လုံးနေမည့် လူတစ်ယောက်သာ။ ထို့အပြင် သူအခုဒီနေရာတွင် ရှိနေသည်က ရေစိမ်မလို့သာဖြစ်လေ၏။ သူဟာရေစိမ်မည် ဖြစ်လေသောကြောင့် ဘာကိုမှ စောင့်မနေတော့ဘဲ သူ၏အပေါ်ထပ် ဝတ်စုံအား ချွတ်လိုက်ကာ ဘေးကအဝတ်တန်းပေါ်တွင် ထိုဝတ်စုံအား တင်လိုက်လေသည်။

PortraitMaster(Complete)Where stories live. Discover now