Chapter_31

98 10 0
                                    


"မုချင်ရီ~~"

ခပ်တိုးတိုးလေးဖြင့်ခေါ်နေသော အသံတစ်ခု..။

ထိုအသံသည် တိုးညှင်းလွန်းပါပေသည်။ တိုးညှင်းလွန်း၍ ဘေးမှ အိပ်ပျော်နေသော မုချင်ရီအား အနှောင့်အယှက်တော့ မဖြစ်စေပါ။ အချိန်အားဖြင့်ကတော့ သန်းခေါင်ကျော်ကျော် အချိန်မျှဖြစ်ပြီး အကုန်လုံး အိပ်နေချိန်ဖြစ်သည်။ သိပ်မကြာခင်က ဆရာဖြစ်သူခေါ်သောကြောင့် အိပ်ရေးပျက်သွားသည့် အချို့တပည့်တို့သည်လည်း တစ်ယောက်မကျန် ပြန်လည် အိပ်မောကျသွားလေကာ ယန်ကျန်းလီသည်လည်း အိပ်ပျော်နေသည်ဖြစ်ရာ ယခုရှိနေသူသည်ကား ယန်ကျင်းချန်သာ။

သူဟာ အိပ်ပျော်နေသော မုချင်ရီ၏ဘေးတွင် ထိုင်​နေပြီး မုချင်ရီ၏လက်ပေါ်သို့ သူ၏လက်အား တင်ထားလေကာ သူ၏ပုံစံမှာ တစ်ခုခုအား ပြောကြားချင်နေသလိုပင်။

အတန်ကြာငယ်ကြာပြီးတော့မှ ယန်ကျင်းချန်က မုချင်ရီအိပ်​ပျော်သည်ဖြစ်မှန်း သေချာသွားလေတော့မှ သက်ပြင်းတစ်ချက်ချလိုက်​တော့သည်။

"မုချင်ရီ..မင်းသိလား? မင်းပြောတဲ့ အရင်က ​တွေ့ခဲ့တယ်ဆိုတဲ့လူက ယန်ကျန်းလီ မဟုတ်ဘူးလေ...သူက ကျွန်တော်လေ"

ယန်ကျင်းချန် ရည်ရွယ်၍ ပြောနေသည်ကကား မုချင်ရီငယ်ငယ်က ​တွေ့ဖူးသည်ဆိုသော ကောင်လေးတစ်ယောက် အကြောင်းဖြစ်လေ၏။ ယင်းအပြင်ထိုကောင်လေးဟာ အခြားမဟုတ်ချေ။ ယန်ကျင်းချန်ဖြစ်သော သူဖြစ်လေ၏။ သူသည် ထိုအကြောင်းကို မေ့မေ့​ပျောက်​ပျောက်ဖြစ်​နေခဲ့ပြီး မုချင်ရီ ခုနက ယန်ကျန်းလီကို ပြောသံကြားမှ သူက မှတ်မိတော့သည်။ စင်စစ်တွင်တော့ သူဟာ မုချင်ရီကို ထိုကောင်လေးဟု လုံးဝမထင်မှတ်ခဲ့ပါလေ။

"အဲ့တုန်းက မင်းကဘယ်လိုလုပ် ကျွန်တော်တို့ဆီကို စည်းကျော်လာရတာလဲ? ကံတရားက ထူးဆန်းတယ်​နော်..ကျွန်တော့်ကို အရင်ဆုံး အခွင့်အရေးပေးပြီးမှ ကျွန်တော် ဒီအခွင့်အရေးကို မသိမ်းဆည်းနိုင်ခဲ့ဘူး"

မုချင်ရီဆီမှအကြည့်မလွှဲပဲ ယန်ကျင်းချန်က ဆိုလိုက်သည်။

သူက ဘာလို့မေ့နေခဲ့ပါလိမ့်..ဘာလို့များ မုချင်ရီကို မမှတ်မိရပါလိမ့်..ပြီးတော့ သူက မုချင်ရီအပေါ် ဒုက္ခပေးဖို့ ကြံစည်ခဲ့မိသည်။ သူဘယ်လိုတောင် မကောင်းတဲ့ လူပါလိမ့်။

PortraitMaster(Complete)Where stories live. Discover now