Chapter_48

52 7 0
                                    

ယန်ကျင်းချန်လည်း အစည်းအဝေးသိမ်းလိုက်ပြီးနောက် အပြင်သို့ပြန်ထွက်လာရင်း တံခါးဝနားမှ မုချင်ရီကို တွေ့လိုက်ရသောကြောင့် သူက ခိုးနားထောင်နေမလားဆိုပြီး တစ်ချက် တုန်လှုပ်မိသည်။ သို့ပေသော် မုချင်ရီ၏ပုံစံသည် တံခါးဝနားရောက်ပေသော်လည်း အထဲမှအသံတို့ကို ကြားသည့်ပုံတော့မပေါ်ပေ။

"ကျန်းလီ ကိုယ် ဒီကအချို့ရံရွေတော်တွေကိုမေးပြီး ဒီမှာအစည်းအဝေးလုပ်နေတယ်ပြောလို့ လာစောင့်တာ...ဒီမှာ ရဲမတ်တွေ၊အမှုထမ်းတွေ အတော်နည်းတယ်နော်"

မုချင်ရီက ဆိုလေ၏။ ယန်ကျင်းချန်၏ စိတ်မှာကား အပြစ်လုပ်ထားသူ ဖြစ်သောကြောင့် ဂဏာမငြိမ်။ သူက မုချင်ရီသိများသိသွားပေမလား ဆိုပြီး ဗလောင်ဆူနေသည်။ အကယ်၍ သိခဲ့ပါက သူ့ကိုအပြစ်တင်မှာလား ဒါမှမဟုတ် သူ့ကိုနားလည်ပေးမှာလား?

သူက ​တွေးလိုက်မိပေသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် မုချင်ရီမသိစေရန် ဂရုစိုက်ရပေမည်။ ယန်ကျင်းချန်ဟာ အရှေ့သို့ တစ်လှမ်း၊ နှစ်လှမ်း တက်လိုက်ပြီးနောက် သူကမုချင်ရီကို လှမ်းဖက်လိုက်သည်။ လှမ်းဖက်လိုက်သည်ဟု ဆိုပေသော်လည်း သူ၏နွေးထွေး လုံခြုံသော ရင်ခွင်ထဲသို့ ဝင်ရောက်သည်ဟုဆိုလျှင် ပိုမှန်ပေသည်။

ရင်ခွင်ထဲတိုးဝင်လာသောသူကြောင့် မုချင်ရီသည်လည်း အလိုက်သင့်ပင် သူ၏ပခုံးလေးအား ပွေ့ဖက်လိုက်တော့သည်။ ထိုပခုံးလေးသည် သေးငယ်၍ ပွေ့ဖက်ချင်စရာကောင်းပြီး တစ်ခါထိမိပါက မလွတ်စတမ်း ဖတ်ချင်လာသည်အထိ စွမ်းနိုင်၏။

"သိပ်မလိုတော့ပါဘူး..ကျွန်တော် အစ်ကို့နဲ့နှစ်ယောက်တည်း နေနိုင်တော့မှာပါ။ ကျွန်တော် အဲ့လိုဖြစ်အောင် စီစဉ်နေတယ်"

ဘယ်လိုမျိုး စီစဉ်နေသည်လဲတော့ မုချင်ရီမသိ။ သို့ပေတိုင် သူနှင့်နှစ်ယောက်တည်း နေထိုင်ချင်သည်ဟုဆိုတော့ သူပျော်မိပါသည်ဟု ဆိုပေသော်လည်း စင်စစ်တွင်တော့ ထိုအတွေးဟာ မဖြစ်နိုင်ကြောင်း သူတွေးမိပေသည်။ သူဟာ ယန်ကျင်းချန်အား အနည်းငယ်ခွာလိုက်ပြီးနောက် သူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။

PortraitMaster(Complete)Where stories live. Discover now