Chapter_10

175 22 0
                                    

အပိုင်း(၁၀)

မြေပြင်ပေါ်သို့ကျရောက်သွားသည့်ဓားအား လီချင်းဂရုမစိုက်နိုင်။ သူမအရှေ့မှ ဆရာတူအစ်ကိုကြီးဟာ သူမမဟုတ်သည့် အခြားတစ်ယောက်နှင့် ပွေ့ဖက်နမ်းရှုပ်နေသည်အား မြင်ရလေတော့ သူမအသက်ဝိဥာဉ် လွင့်ထွက်မတတ်ဖြစ်သွားတော့သည်။

နီးကပ်နေသည့်နှုတ်ခမ်းတို့ဟာ ခေတ္တမျှသာထိကပ်ပြီး ခဏကြာတော့ မုချင်ရီက လွှတ်ပေးလိုက်တော့သည်။ ထိုအချိန် နှစ်ယောက်လုံး၏ ခန္ဓာကိုယ်မှ အနက်ရောင်ယန်ဓာတ် အငွေ့လှိုင်းက နှစ်ဦးသားဆီမှ ထွက်ပေါ်လာပြီးနောက် အပေါ်သို့ဖြန့်ကြဲသွားကာ အခန်းထဲမှဓာတ်တစ်မျိုးဖြင့် တိုက်မိသွားပြီး သုံးဦးသားတို့မှာ ဂူနံရံသို့မမြင်ရသည့် ဓာတ်တစ်မျိုးမှ တွန်းတိုက်လိုက်သည်ကို ခံစားရသည်။

"အ့"

လီချင်းလည်း သူမ၏ကိုယ်လုံးအား နံရံနှင့်အတိုက်ခံရသောကြောင့် အရိုးကျိုးမတတ် နာကျင်မှုကိုခံစားရသည်။ ထို့အပြင် သူမနှဖူးပါ ထိသွားသောကြောင့် လက်ဖြင့်စမ်းကြည့်မိတော့ သွေးထွက်နေသည်။ ကြည့်ရတာ နှဖူးပေါက်သွားရုံလေးပဲထင်ပါတယ်။

ယန်ကျန်းလီမှာတော့ကား နာကျင်မှုအား မခံစားလိုက်ရ။ သူနံရံကိုမတိုက်လိုက်မီ မုချင်ရီမှသူ့အားလှမ်းဆွဲဖက်လိုက်ပြီး သူကသာနံရံပင်အတိုက်ခံလိုက်သည်။

ဂူအတွင်းမှ ထွန်းထားသော ဖယောင်းတိုင်တွေငြိမ်းသည်သာမက မြွေပေါင်းများစွာဟာလည်း အစိတ်စိတ်အမွှာမွှာကွဲသွားကာ ပျောက်ကွယ်သွားသည်။

"ဘုန်း...."

ရုတ်ချည်းဆိုသလို ပြင်းစွာသောအရာတစ်ခုက နံရံကို ထိသံအားကြားသိလိုက်ရသည်။ ကြည့်ရသည်မှာကား မုချင်ရီနှင့်ယန်ကျန်းလီတို့ဆီမှ ယန်ဓာတ်ဟာ ကိုယ်ပျောက်အစွမ်း သုံးထားသောမြွေအရှင်သခင်၏ ယန်ဓာတ်ဖြင့်ထိပ်တိုက်တွေ့ပြီး တွန်းကန်ကာ ဓာတ်ပြယ်သွားခြင်းသာ။ မြွေအရှင်သခင်မှာ အသုံးပြုထားသော ယန်ဓာတ်များသလို အထိနာသွားပြီး သူတို့ထက်ပို လွင့်စင်သွားခြင်းဖြစ်လေ၏။

ထိုအချိန် မုချင်ရီလည်း ကျေးဇူးတင်စကားပြောကာ သူ၏ဘယ်ဘက်လက်မှ အဝါရောင်အငွေ့အား ပြန်ထုတ်လိုက်ပြီး ဂူအပေါ်ပိုင်းသို့ အငွေ့အနည်းငယ်ကို ထားရှိကာ မှောင်မဲနေသော ဂူအား အလင်းရောင် ရှိစေလိုက်သည်။

PortraitMaster(Complete)Where stories live. Discover now