" မင်းနေရာက ဟုတ်ရောဟုတ်ရဲ့လား အခုထိကိုမရောက်နိုင်သေးဘူး မြို့စွန်နားရောက်နေပြီ "
'ရှေ့နားလေးဆိုရောက်ပါပြီ အဲ့တာကြောင့်ကျွန်တော်ပြောပါတယ် ကိုကိုကြီးသွားစရာရှိတဲ့နေရာကို အရင်သွားပါလို့ "
'မလိုပါဘူး မင်းရဲ့ ကိုကိုဆိုတဲ့ကောင်ကို ထမင်းစားချိန်အမှီဟင်းပို့ပေးချင်နေတာမှတ်လား အဲ့တာကြောင့်ငါမင်းကိုအရင်ဦးစားပေးလိုက်တာ လူကိုသိပ်ရက်ရောတယ်ထင်မနေနဲ့'
အလိုမကျစွာဖြင့် ဆောင့်အောင့်ပြောလာတာဖြစ်သော်လည်း ထိုပုံစံကလွန်းရဲ့အမြင်မှာ အနည်းငယ်ရယ်ချင်စရာဖြစ်နေတာမို့ လွန်းကကားပြတင်းပေါက်ဘက်မျက်နှာမူကာ ကြိတ်ရယ်လိုက်၏။
'ဟိုရှေ့နားကDivanဆိုတဲ့ အဆောက်အဦီးဖြူဖြူလေးကိုတွေ့လား အဲ့မှာရပ်ပေးနော်'
လွန်းညွှန်ပြတဲ့အဆောက်အဦးလေးက ဆိတ်ငြိမ်ရပ်ကွက်တွင်ဖြစ်ပြီး အပြင်ပန်းပုံနဲ့တင်သပ်သပ်ရပ်ရပ်ရှိတာဖြစ်သည်။ခြံ၀န်းအပြင်၌ အမျိုးအစားစုံလင်သည့်ပန်းပင်များက အရောင်အသွေးစုံလင်စွာ ဖူးပွင့်နေကြတာဖြစ်၏။
'ကိုကိုလေး မီးမီးတို့အတွက်မုန့်ပါလားဟင်...'
ကားပေါ်မှဆင်းလိုက်သည်နှင့် ကလေးတစ်ချို့က လွန်းထံသို့ပြေး၀င်လာကာ ပြုံးရွှင်စွာဖြင့်ကြိုဆိုကြ၏။ဟန်နရီကတော့ မလှမ်းမကမ်းကတွင်သာ မျက်နှာတည်ဖြင့်ငြိမ်သက်နေတာဖြစ်သည်။ကိုယ်တိုင်က မိဘမဲ့တစ်ယောက်မဟုတ်ပါသော်လည်း ဖခင်မေတ္တာကိုငယ်ငယ်ရွယ်ရွယ်နှင့် ပြတ်တောက်ခဲ့ရတာမို့ ထိုကလေးတွေရဲ့မေတ္တာလိုအပ်ချက်ကို ကိုယ်ချင်းစာပေးနိုင်၏။
" အာ..ကိုကိုလေးက ဒီတခါသူများနဲ့လာရတာဆိုတော့ မုန့်တွေတောင်မ၀ယ်လာရဘူး နောက်တခါကျများကြီး၀ယ်ခဲ့မယ်နော် "
လွန်းက တစ်ဖက်ကလေးတွေကို ခပ်တိုးတိုးပြောလိုက်တာဖြစ်သော်လည်း ဟန်နရီကမျက်မှောင်ကြုတ်ကာ စူးစိုက်ကြည့်လိုက်၏။လွန်းတာနေဆန်းလုပ်နေပုံက သူကပဲလူဆိုးဖြစ်နေသလို။
'လွန်းလွန်းလေးပါလား...ဒီတခါအဖော်လဲပါလာတာပဲ...ဧည့်သည်ကိုအထဲကိုခေါ်ခဲ့လေသားရဲ့'