Ep-22(uni/zg)

83.8K 5.9K 2K
                                    

' Shit!!!! ဘယ်ပျောက်နေတာလဲကွာ '

' လွန်းတာနေဆန်း!! ...လွန်းလွန်း!!! '

' သခင်လေး ဘာဖြစ်လို့လဲဟင် '

' လွန်းတာနေဆန်း ပျောက်နေတယ်ဒေါ်ထား ကျတော်အိပ်ယာနိုးထဲက ရှာမတွေ့တော့တာ '

' အော်...လွန်းလေးကို မနက်အစောကပဲ သားလေးမာန်ဟိန်းလာခေါ်သွားတာပါသခင်လေးရယ် လွန်းလွန်းမပျောက်ပါဘူး '

' ဟာကွာ...အဲ့ကောင်ကဘာလို့လာခေါ်ရတာလဲ ဘာကိစ္စရှိလို့လဲ လွန်းလွန်းကဘာလို့လိုက်သွားရတာလဲ ဘာလို့ကျတော့်ကိုအသိမပေးပဲ ထွက်သွားရတာလဲ '

မေးခွန်းတွေအဆက်မပြတ်မေးတဲ့ ဟန်နရီကြောင့် ဒေါ်ထားတယောက်တော့ စိတ်တွေညစ်နေတဲ့ပုံပင်

' ဟို...ဟို သားလေးလွန်းက ကစားကွင်းသွားချင်တယ်ဆိုပီး မာန်ဟိန်းကိုပူဆာနေတာနဲ့ သားလေးမာန်ဟိန်းကလာခေါ်တာပါ '

' ဟာကွာ....ကစားကွင်းသွားချင်ရင် ကျတော့်ကိုပြောလဲရရဲ့သားနဲ့
တောက်!! လွန်းတာနေဆန်းက တကယ်အချိုးမပြေဘူး '

ကားသော့နဲ့ ATM cardကိုပြေးယူပီး အလောတကြီးထွက်သွားတဲ့ ဟန်နရီကိုကြည့်ပီး ဒေါ်ထားတယောက် သက်ပြင်းများပင်အကြိမ်ကြိမ်ချမိသည်...ဒီကလေးသုံးယောက်နဲ့တော့ ခက်တာပါပဲ
***
At other side

' ကိုကို ကျတော့်ကိုစိတ်ဆိုးနေသေးလားဟင် '

' ကိုကိုက ဘယ်တုန်းက လွန်းကို စိတ်ဆိုးဖူးလို့လဲအဆိုးလေးရဲ့ '

' ကျတော်အဲ့နေ့က တကယ်လာလို့မရတဲ့အခြေအနေလေးဖြစ်သွားလို့ပါနော် '

' ကိုကိုနားလည်ပါတယ် နောက်တခေါက်ကျထပ်သွားကြတာပေါ့ '

' ဟုတ်ကိုကို '

တီ တီ တီ....📱

' ဟမ် '

' ဘာဖြစ်လို့လဲ လွန်း'

' ဘာမှမဖြစ်ပါဘူး ကျတော်မသိတဲ့ ph noနဲ့ဖုန်း၀င်လာလို့ '

' ကိုကို့ကိုပေး လွန်းစိတ်ထဲသိပ်အဆင်မပြေရင် ကိုကိုကိုင်လိုက်မယ်'

လွန်းက မသိတဲ့နံပါတ်တွေဆို ဖုန်းကိုင်လေ့သိပ်မရှိတာကြောင့် မာန်ဟိန်းက ကြားထဲကနေဖုန်းကိုင်ပေးလိုက်သည်

HANARY(S1+S2) Where stories live. Discover now