Chapter-5

5.4K 574 6
                                    


စကားဝိုင်းသည်မပြီးသေးပေ။ စူးကျင်းပေ၏အခန်းထဲသို့ ဆေးယူသွားပေးသောသူနာပြုသည် တခြားသူနာပြုအား တိုးတိုးပြောလိုက်သည်။

"ရွှီကျားဝေ ဒီကိုလာနေတာ ငါမြင်လိုက်တယ်။"

သူနာပြုသည် အံ့သြစွာကြည့်ကာ "တကယ်လား"

"တကယ်လား" စူးကျင်းပေထံမှ အသံကျယ်ကျယ်ကြားလိုက်ရသည်။

သူနာပြုသည် သူမကိုမေးနေသောသူမှာ စူးကျင်းပေဖြစ်သည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားကာ

"အင်း...သူ ရှင့်ဆီကို လာလည်​​ပုံရတယ်​..."

စူးကျင်းပေသည် ထထိုင်ရန်ရုန်းကန်ရင်း သူမ၏မျက်လုံးများသည်လည်း တောက်ပနေသည်။ ကျိုးရှစ်ယွင်သည် မျက်မှောင်ကြုတ်ကာ သူမ၏ပခုံးကိုကိုင်ရန် လက်ဆန့်ထုတ်ကာ အသံနက်နက်ဖြင့် ပြောသည်။

"မလှုပ်နဲ့"

သေချာတာပေါ့!! စူးကျင်းပေသည် သူမ ယခုမည်သို့မျှ မလှုပ်ရှားနိုင်သည်ကို သိသော်လည်း သူမ၏ လက်ရှိပုံရိပ်သည် သနားစရာကောင်းလွန်းလှသည်။

"ငါ့အိတ်က ဘယ်မှာလဲ"

စူးကျင်းပေသည် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး သူ့လက်ကိုင်အိတ်သည် ဆိုဖာပေါ်၌ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် အနီးဆုံးဆရာဝန်မှာ အဖြူရောင်အင်္ကျီနှင့်ဆရာဝန်ဖြစ်သောကြောင့် နူးညံ့စွာဖြင့်

"ကျွန်မအိတ်ထဲမှာ အလှပြင်အိတ်တစ်ခုရှိတယ် အထဲမှာ နှုတ်ခမ်းနီတစ်ချောင်းရှိတယ် ကျေးဇူးပြုပြီးကူယူပေးပါဦး"

ကျိုးရှစ်ယွင်သည် သူမကိုကြည့်ကာ ရုတ်တရက် ဘာကြောင့်သူ့ကို ဤသို့ညွှန်ကြားလာသည်ကို နားမလည်နိုင်ခဲ့ပေ။

"နှုတ်ခမ်းနီ! နှုတ်ခမ်းနီ!"

စူးကျင်းပေသည် ကျိုးရှစ်ယွင်၏အင်္ကျီကို အနည်းငယ်ဆွဲယူလိုက်သည်။

ကျိုးရှစ်ယွင်သည် အနည်းငယ်မျက်မှောင်ကြုတ်ပြီး ဘေးမှသူနာပြုလေးကို ကြည့်လိုက်သည်။ ထိုအကြည့်သည် သူမအား ဤကိစ္စကို လုပ်ဆောင်ခိုင်းသည်မှာ ထင်ရှားပေသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now