Chapter-52

3.2K 353 1
                                    


စူးကျင်းပေ၏ကားသမားသည် ဟိုတယ်သို့မောင်းလာခဲ့သည်။ သို့ပေမဲ့ သူတို့သည် ကားပတ်ပတ်လည်၌ လူအုပ်ကြီးအုံနေလိမ့်မယ်လို့တော့ မမျှော်လင့်ထားပေ။ ကြည့်ရတာ သူတို့ဆောင့်ကြောင့်ထိုင်စောင့်နေပုံပင်။ သိသိသာသာကို သူတို့သည် စူးကျင်းပေဒီကိုလာမည်ဆိုတာ သိနေသည့်ပုံပင်။ သတင်းထောက်တစ်ယောက်ဟာ ကင်မရာကိုင်ရင်းမေး၏။

"ကျင်းပေ မင်းသတင်းကိုတွေ့ပြီးပြီလို့ငါယုံတယ်။ ဓာတ်ပုံထဲကအမျိုးသားကဘယ်သူလဲ"

"မင်းက အခန်းထဲမှာနာရီများစွာရှိနေခဲ့တာ မင်းဘာလုပ်နေခဲ့တာလဲ"

"ဒီအမျိုးသားက ပေကျင်းမှာ လွန်ခဲ့တဲ့အချိန်တုန်းက မင်းနဲ့စျေးဝယ်ထွက်ရင်း ပိုက်ဆံအမြောက်အများသုံးခဲ့တဲ့ Fuerdai လို့ကြားတယ်"

(T/N : Fuerdai- 1980 ခုနှစ်များအတွင်း တိန့်ရှောင်ပင်ရဲ့စီးပွါးရေးပြုပြင်ပြောင်းလဲမှုတွေအောက်မှာချမ်းသာလာသည့် စွန့်ဦးတီထွင်စီးပွါးရေးလုပ်ငန်းရှင်များ၏သားသမီးများကိုရည်ညွှန်းသည်။ လွယ်လွယ်ပြောရရင် ချမ်းသာသည့်ဒုတိယမျိုးဆက် ကိုပြောတာပါ။)

"မင်းတို့နှစ်ယောက်က အတူတူရှိနေကြပြီလား။ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုသိကြတာလဲ"

"အမျိုးသားကအရမ်းချမ်းသာတဲ့ပုံပေါက်ပြီး ချစ်သူရှိပြီးသား။ မင်းကနောက်မှရောက်လာတာလား"

.....

စူးကျင်းပေသည် 'နောက်မှရောက်လာသည်' ဆိုတဲ့စကားမကြားခင်ထိ ဒီသတင်းထောက်တွေ၏ထင်မြင်ချက်တွေကို လျစ်လျူရှုနေခဲ့သည်။ သူမသည် ရပ်ပြီး အရာအားလုံးတက်သိနားလည်နေသည့်သတင်းထောက်အား ကြည့်လိုက်၏။

"ဒီလိုပြောဖို့ ရှင့်မှာ ဘာသက်သေတွေရှိလို့လဲ။ ရှင်တို့သတင်းထောက်တွေက အမှန်တရားမလိုအပ်ဘူးလား"

သတင်းထောက်တွေဟာ သူမပြောသည်ကိုမြင်တော့ စိတ်လှုပ်ရှားနေကြ၏။

"ဒါက အတွင်းလူတွေပြောနေကြတာပါ။ ဖုံးကွယ်ထားတဲ့တခြားဟာများရှိလို့လား။ ကျင်းပေ မင်းဒီအကြောင်းပြောနိုင်မလား"

Intense Love ( ဘာသာပြန် )Where stories live. Discover now