Chapter-108

4K 405 3
                                    



ပြီးခဲ့သောရက်ပိုင်းအတွင်း သူမ သူ့ကိုဘယ်လိုပဲဖက်တွယ်ထားနေပါစေ ပထမညကလိုမျိုး သူကသူမကိုအလိုမလိုက်တော့ပေ။ စူးကျင်းပေပဟေဠိဖြစ်နေ၏။ ဘာဖြစ်တာလဲ? ဘာမှားနေလို့လဲ? သူမရဲ့ကျိုးပေါင်ပေ့က ခေါင်းမာတဲ့သူအဖြစ်ပြန်သွားတော့မယ်လို့ပြောလို့ရနိုင်လား။

ကျိုးရှစ်ယွင်က သူ့ကိုယ်သူ နည်းနည်းခွါလိုက်ပြီး အသံတိုးတိုးပြောလာသည်။

"ပြဿနာမရှာနဲ့"

"ကျွန်မပြဿနာမရှာပါဘူး"

စူးကျင်းပေက သူမလက်ကို သူ့လည်ပင်းနောက်တွင်တင်၍
"ကျိုးရှစ်ယွင် အခု ရှင်ကျွန်မကိုနမ်းချင်လား"

"..........."

သူတို့နှစ်ယောက်ကနီးကပ်လွန်းနေပြီး သူမရဲ့ကိုယ်သင်းနံ့ရေးရေးလေးက သူ့ပတ်ပတ်လည်တွင်လွှမ်းခြုံထား၏။ နှစ်လိုဖွယ်ကောင်းပြီး ညှို့ယူဖမ်းစားနိုင်သည်......သူမနောက်ကျောကကျိုးရှစ်ယွင်လက်တွေဟာ ဖြည်းဖြည်းချင်းတင်းကျပ်လာသည်။ သူ့ရင်ထဲတွင်သာ သက်ပြင်းချလိုက်တော့သည်။ ဒီမိန်းမကမကောင်းဆိုးတစ်ကောင်ပဲဖြစ်ရမယ်။ နတ်ဆိုး......။

ခေါင်းငုံ့ပြီးသူမနှုတ်ခမ်းကိုကိုက်ကာ သူ့လက်ကိုသူမခါးတစ်ဝိုက်တွင်ဆုပ်ကိုင်ထားပြီး သူမအားစားပွဲပေါ်သို့မတင်လိုက်လေသည်။ ဤအနေအထားကြောင့် သူကသူမကိုပိုပြီးအဆင်ပြေပြေနမ်းနိုင်၏။ စူးကျင်းပေနှုတ်ခမ်းထက်၌ အနိုင်ရအပြုံးလေးဖြစ်တည်လာသည်။

ကျိုးပေါင်ပေ့ ကျွန်မကရှင့်ကိုဘုန်းကြီးတစ်ယောက်ဖြစ်လာခွင့်ပေးမှာမဟုတ်ဘူး။

နမ်းလိုက်ပြီးနောက် စူးကျင်းပေသည် ကျိုးရှစ်ယွင်ရဲ့အနမ်းစွမ်းရည်ဟာ တောက်လျှောက်တိုးတက်လာပုံရပြီး အချိန်တိုင်းပိုလေးနက်ကာမြှူဆွယ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။

သူကသူမနားရွက်ကိုကိုက်လိုက်သည်နှင့် အပူရှိန်ကသူမနားရွက်ပေါ်ကိုဖွဖွလေးမှုတ်ထုတ်သွားတော့သည်။ သူကသူမကို တမင်တကာ ညှဉ်းပန်းနှိပ်စက်နေသကဲ့သို့ ဤအနေအထားဖြင့် သူမကို အပြန်ပြန်အလှန်လှန်နမ်းနေ၏။ သူမနားရွက်တွေဟာ အဖြူမှပန်းရောင်သို့၊ ပန်းရောင်မှအနီရောင်သို့ ပြောင်းသွားတော့သည်။ စူးကျင်းပေကသူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပြတ်တောင်းပြတ်တောင်းညည်းတွားသံတွေက တဖြည်းဖြည်းလျှံထွက်လာလေသည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now