Chapter-69

3.4K 410 9
                                    


စူးကျင်းပေ ရှလုပုံရိပ်ကိုမမြင်နိုင်တော့တဲ့အချိန်တွင် သူမမျက်ရည်တွေကျဆင်းလာ၏။ ကျိုးရှစ်ယွင်က စကားမပြောဘဲ သူမကို ဤအတိုင်းသာအားပေးထားသည်။ သူမရဲ့ဝမ်းနည်းနေတဲ့ပုံကိုသူကြည့်နေ၏။ မမျှော်လင့်ဘဲ သူမနဲ့အတူ ဝမ်းနည်းသလိုသူခံစားရလေသည်။ တောက်တောက်ပပနဲ့တက်တက်ကြွကြွဖြစ်နေခြင်းက သူမနဲ့အလိုက်ဖက်ဆုံးလို့သူထင်သည်။ မျက်ရည်တွေက သူမနဲ့လုံးဝမလိုက်ဖက်ပေ။ သူမမျက်နှာထက်ကမျက်ရည်တွေကိုသုတ်ပေးရန် ကျိုးရှစ်ယွင်လက်လှမ်းလိုက်သည်။

စူးကျင်းပေက သူ့ကိုမော့ကြည့်ပြီး ရောထွေးပျာယာခတ်နေခြင်းမှ သူမမျက်လုံးတွေကိုကာကွယ်နိုင်စွမ်းမရှိခဲ့ပေ။ ကျိုးရှစ်ယွင်ဟာ သူ့စကားလုံးတွေကိုပြန်မြိုသိပ်လိုက်ရ၏။ အေးစက်စက်ပြောလာသည့် သူမအသံကိုသာ ကြားနိုင်တော့သည်။

"သူမအကြောင်းကို ကျွန်မပိုပြီးဂရုစိုက်ခဲ့သင့်တာ"

"ဒါက မင်းရဲ့အမှားမဟုတ်ပါဘူး"

"ကျွန်မက ကျွန်မကိုကျွန်မ သူ့ရဲ့သူငယ်ချင်းလို့ထင်ပေမယ့် သူမဘာလိုချင်လဲ၊ ဘယ်လောက်ထိနာကျင်ခံစားနေရသလဲဆိုတာကိုတောင် ကျွန်မမသိဘူး"

စူးကျင်းပေသည် သူ့ပခုံးပေါ်တွင် ဖြည်းဖြည်းချင်းမှီချလိုက်သည်။

"ကျိုးရှစ်ယွင် သူမက အချိန်အချို့လိုချင်တယ်လို့ပြောတယ်။ ဒီဟာက ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ထပ်ပြီးအဆက်အသွယ်ရှိမှာမဟုတ်တော့ဘူးလို့ဆိုလိုတာလား"

ကျိုးရှစ်ယွင်က လက်မြောက်၍ သူမပခုံးပေါ်သို့ ညင်ညင်သာသာမတင်ထားချိန်အထိ ခဏမျှတုံ့ဆိုင်းနေခဲ့၏။

"မဟုတ်ပါဘူး သူမပြန်လာလိမ့်မယ်"

စူးကျင်းပေ သူ့ရင်ဘတ်ပေါ်ကအင်္ကျီစကိုဖျစ်ညှစ်လိုက်၏။ ကျိုးရှစ်ယွင်သည် လူတွေကိုဘယ်လိုချော့မော့ရမလဲဆိုတာကို မသိပေမယ့်လည်း ထိုအခိုက်အတန့်တွင် သူအကောင်းဆုံးလုပ်ခဲ့သည်။ သူမက မျက်ရည်တွေကိုချုပ်ထိန်းထားတာကြောင့် သူမနောက်ကျောကို သူဖြည်းဖြည်းလေးပွတ်သပ်လိုက်၏။

Intense Love ( ဘာသာပြန် )Where stories live. Discover now