Chapter-109

3.5K 370 4
                                    



စူးကျင်းပေသည် လျှိုထင်းထင်းကိုအနားသို့ဆွဲခေါ်၍တိုးတိုးပြော၏။

"မနေ့က ကျွန်မရှင့်ကိုပေးထားတဲ့ကျွန်မဖုန်းနံပါတ်နဲ့လိပ်စာကိုသိမ်းထားတယ်မလား"

"အင်း"

"အိုကေ နောက်နောင် ရှင်ကျွန်မကိုရှာချင်တယ်ဆိုရင် ကျွန်မကိုဖုန်းသာခေါ်လိုက်၊ ကျွန်မကိုယဉ်ကျေးမနေနဲ့။ နောက်ပြီး ကျွန်မရဲ့ skincare တွေကိုလည်းရှင့်အခန်းထဲမှာချန်ထားခဲ့တယ်။ မိန်းကလေးတွေက သူတို့ရဲ့အသားအရည်ကိုဂရုစိုက်ရမယ်လေ"

"အာ......ရှင့်ပစ္စည်းတွေကအရမ်းစျေးကြီးတယ်၊ ကျွန်မအဲ့ဒါတွေကိုမလိုချင်ဘူး"

"ရှင်ကကျွန်မကိုရက်တွေအကြာကြီးဂရုစိုက်ပေးခဲ့တာလေ၊ ဒါပေမဲ့ ကျွန်မကရှင့်ကိုအခန်းအတွက်အခကြေးငွေတောင်မပေးခဲ့ရဘူး။ ဒါကြောင့် ရှင်ဒါတွေကိုလက်ခံရမယ်"

စူးကျင်းပေက တခြားပစ္စည်းတွေကိုလည်းချန်ထားပေးခဲ့ချင်ပေမဲ့ သူမဒီကိုလာတဲ့အချိန်တွင် ဒီပစ္စည်းတွေကသာ သူမအိတ်ထဲ၌တန်ဖိုးအရှိဆုံးပစ္စည်းတွေပဲဖြစ်သည်။ ယခုမှတော့ သူမလုပ်နိုင်တာဘာမှမရှိတော့။ ဒီလိုမျိုးချစ်ဖို့ကောင်းတဲ့ကလေးလေးတွေနဲ့ရိုးသားတဲ့ရွာသူရွာသားတွေကို ကူညီပေးရန်ပြန်လာတဲ့အချိန်အထိ သူမထပ်စောင့်ရတော့မယ်။

"မမေ့နဲ့နော် နောက်ကျရင်ရှင်ကျွန်မကိုအဆက်အသွယ်လုပ်ရမယ်"

လျှိုထင်းထင်းတခစ်ခစ်ရယ်၍ "သိပါပြီ.........."

အားလုံးကားပေါ်တက်သွားကြ၏။

"အစ်ကိုရှစ်ယွင်! အစ်ကိုရှစ်ယွင် ကျွန်မကိုစောင့်ပါဦး!"

မနီးမဝေး၌ ယန်ဇီဇီတစ်ယောက်သူမခရီးဆောင်အိတ်နှင့်ပြေးလာ၏။

ကျန်းချောင်မှင်သက်နေကာ
"ဇီဇီ မင်းဘာတွေလုပ်နေတာလဲ"

"ဒေါက်တာကျန်း တကယ်တော့ ဒီနွေရာသီအားလပ်ရက်အတွက် အစ်ကိုရှစ်ယွင်ရဲ့မြို့မှာ အချိန်ပိုင်းအလုပ်တစ်ခု ကျွန်မရှာတွေ့ခဲ့တယ်။ ကျွန်မအလုပ်ကို သန်ဘက်ခါကျရင်အကြောင်းကြားရမှာ၊ အဲ့ဒါကြောင့် အစ်ကိုရှစ်ယွင်နဲ့တခြားသူတွေနဲ့အတူ ကျွန်မလိုက်သွားချင်တယ်"

Intense Love ( ဘာသာပြန် )Where stories live. Discover now