Chapter-84

3.3K 389 10
                                    



ကွန်းမန့်တွေပေါက်ကွဲထွက်လာပြီး စူးကျင်းပေသည်လည်း သူမရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်မလုပ်နိုင်တော့ပေ။

"အားလုံးက အလွန်အမင်းဖြစ်နေကြတော့ ငါဆက်လွှင့်နိုင်တော့မယ်မထင်ဘူး၊ နင်တို့တွေ ငါ့ကိုစောင့်မျှော်နေတာလား သူ့ကိုစောင့်မျှော်နေတာလား"

စူးကျင်းပေ ရယ်လိုက်၏။ ရှောင်ဝေက ကွန်းမန့်တွေကိုကြည့်ပြီးပြောလေသည်။

"ပရိသတ်တွေပြောနေတာက သူတို့ကနတ်ဘုရားမစူးကိုမြင်ချင်တာတဲ့ သူတို့ကနတ်ဘုရားမစူးရဲ့ချစ်သူကိုပိုပြီးတော့တောင်မြင်ချင်တာတဲ့။ နောက်ပြီး ကျေးဇူးပြုပြီး သူ့ကိုကင်မရာထဲပြန်ခေါ်လိုက်ပါတဲ့"

စူးကျင်းပေ ချောင်းဟန့်ကာ
"ဟိုနားမှာရှိတဲ့လူကြီးမင်းက နည်းနည်းရှက်နေတယ်၊ အဲ့ဒါကြောင့်.........."

"စူးကျင်းပေ ဒါအလုပ်လား"

ပရိသတ်တွေသည် တခြားတစ်ဖက်မှ ယောက်ျားတစ်ယောက်ရဲ့ဆွဲငင်အားကောင်းသည့်အေးစက်စက်အသံကိုကြားလိုက်ရလေသည်။

"ဒါမှမဟုတ်ရင် နောက်၁၀မိနစ်လောက်ဆိုလုံလောက်ပြီလား"

ပရိသတ်တွေသည် စူးကျင်းပေက တခြားတစ်ဖက်သို့ဖျက်ခနဲကြည့်နေတာကို မြင်နေရ၏။ အထက်ကောင်းကင်ဘုံထိတောင် ရောက်နိုင်သည့် အချစ်တွေနှင့်ပြည့်နှက်နေတဲ့ကြင်နာယုယသည့်အကြည့်တစ်စုံ။

"ရှင်စကားဆက်ပြောချင်တာသေချာလား၊ အားလုံးက ရှင့်အသံကိုကြားနိုင်တယ်နော်"

"အို့" ကျိုးရှစ်ယွင်ရပ်သွား၏။ စဉ်းစားနေပုံပေါ်သည်။

"အဲ့ဒီလိုဆိုရင်ရော"

စူးကျင်းပေ ချိုချိုသာသာပြုံးလိုက်လေသည်။

"ကိစ္စမရှိဘူး ကိစ္စမရှိဘူး။ ရှင်စိတ်ထဲမထားဘူးဆိုတော့ ကျွန်မစိတ်အေးပါပြီ"

ကျိုးရှစ်ယွင်က သူမကိုအကဲဖြတ်နေသည်။ စိတ်ထဲထားစရာဘာရှိလို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက သူတို့ဆက်ဆံရေးကို လက်ခံပြီးသားပဲလေ။ လူတွေပိုသိလေ ပိုကောင်းလေမဟုတ်ဘူးလား။ ဒီနည်းနဲ့ လူတွေက သူမကို ငမ်းငမ်းတက်ဖြစ်လို့မရဘူးဆိုတာ သိသွားမှာလေ။ ဒါ့အပြင် လှပတဲ့အရာတွေအပေါ် သူမရဲ့အချစ်နဲ့ရူးသွပ်မှုကြောင့် အကယ်၍ သူမအကြိုက် ချောမောကြည့်ကောင်းတဲ့လူက သူမကို လိုက်ပါက သူမ တည်တည်ငြိမ်ငြိမ်ရှိနေနိုင်မည်ဟု ကျိုးရှစ်ယွင်အာမမခံနိုင်ပေ။ ဒါကြောင့်.......သူမကို စောစောစီးစီးအခိုင်အမာပြောထားရမည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now