Chapter-23

3.8K 410 4
                                    


ကျိုးရှစ်ယွင်သည် ဖုန်းချလိုက်ပြီး အချိန်အတော်ကြာဖိုင်တွဲများကိုစိုက်ကြည့်နေ၏။ သူမွေးကတည်းက သူ့ဘဝထဲတွင် စူးကျင်းပေရှိနေခဲ့သည်။ အဖိုးအသက်ရှိစဉ်အခါတုန်းက သူ့အဖိုးပေါင်ပေါ်တွင် မကြာမဏထိုင်လေ့ရှိပြီး စူးမိသားစုရဲ့မိန်းကလေးငယ်လေးအကြောင်း သူ့ကိုပြောပြလေ့ရှိသည်။ တခါတရံ သူမဓာတ်ပုံတွေကိုတောင် သူ့ကိုပြသည်။

နောက်ပိုင်း အဖိုးဆုံးသွားသော်လည်းပဲ သူ့ဘဝထဲတွင် စူးကျင်းပေ၏နာမည်သည် ကြိမ်ဖန်များစွာပေါ်လာနေဆဲပင်။ သူ့မိသားစုသည် ဒီမိန်းကလေးအကြောင်းပြောရတာ ကြိုက်သည့်ပုံပေါ်သည်။

စူးကျင်းပေလို့ခေါ်တဲ့ဒီမိန်းကလေးသည် အလွန်ချစ်စရာကောင်းသည်ကိုသူသိပြီးသားဖြစ်သည်။ မဟုတ်ဘူး! အလွန်လှပတယ်လို့ပြောသင့်သည်။ ကလေးဘဝထဲကနေယခုထိ သူမသည် ပိုပိုပြီးထူးထူးချွန်ချွန်နှင့်ကြီးပင်းလာပြီး အလေးပေးမှုမြောက်မြားစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် လူထုအမြင်၌ပေါ်လာပြီး စင်ပေါ်တွင် ပူပင်ကြောင့်ကြမှုမရှိဘဲ သက်သောင့်သက်သာဖြစ်ပြီး မရှက်မကြောက်နှင့်စိတ်သဘောထားကြီးသည်။ အလွန်ပျော်စရာကောင်းသောဘဝတွင်သူမနေထိုင်ခဲ့သည်။

သူတို့နှစ်ယောက်ကိုတွေ့ဆုံပေးရန် မိသားစုကမကြိုးစားခဲ့ဖူးတာတော့မဟုတ်ဘူး။ သို့သော် နှစ်ယောက်တွေ့ခါနီးအချိန်များတွင် အကြိမ်တိုင်း သူ မရောက်လာဖြစ်ရင်ဖြစ် မဟုတ်ရင် သူမအရင်ထွက်သွားခဲ့ခြင်းပင်။ နောက်ပိုင်းတွင် စူးကျင်းပေဆိုသည့်မိန်းကလေးသည် မိဘသဘောတူလက်ထပ်ပွဲကိုမကြိုက်သည့်အကြောင်း သိလာခဲ့သည်။ သူမသည် လှောင်အိမ်အပြင်သို့ပျံသန်းနေသည့် ငှက်တစ်ကောင်လိုမျိုးဖြစ်ပြီး အချုပ်အနှောင်တွေနှင့်လူမဖြစ်ချင်ပေ။

ဒါပေမယ့် ကိစ္စမရှိ။ တကယ်တမ်း သူအများကြီးဂရုမစိုက်ပေ။တစ်ကိုယ်တည်းသူ့ဘဝနေထိုင်မှုကို အကျင့်ဖြစ်နေပြီး တခြားသူတွေနှင့်ပေါင်းသင်းဆက်ဆံရန်လည်း ကျင့်သားမရှိပေ။ အစောပိုင်းတွင် သူ့ဘဝထဲ၌ တစ်စုံတစ်ယောက်ရှိခဲ့မည်ဆိုလျှင် ထိုအရာသည်အရမ်းပြဿနာဖြစ်စေလိမ့်မည်။ သို့သော် တချို့အရာတွေသည်ရှောင်ရှားလို့မရပေ။

Intense Love ( ဘာသာပြန် )Where stories live. Discover now