Chapter-33

3.4K 365 3
                                    


စူးကျင်းပေသည် သူမကိုသူမ တင်းတင်းကြပ်ကြပ်စောင်ခြုံကာ  တိတ်ဆိတ်အေးချမ်းစွာ အိပ်ပျော်သွား၏။ သူမနိုးလာသည့်အချိန်တွင် ဖုန်းသံမြည်လာသည်။

"ဟယ်လို...."

"ဘာဖြစ်နေတာလဲ ဆယ်နာရီထိအောင် အိပ်ပျော်နေသေးတာလား"

"ရှလု!"

စူးကျင်းပေဟာ မျက်လုံးဖွင့်ပြီး
"နင်ငါ့ကို ဖုန်းခေါ်ဖို့ အချိန်ဘယ်လိုရတာလဲ"

ဖုန်းတဖက်မှလူသည် ရယ်ကာ
"ငါ ရိုက်ကူးရေးပြီးသွားပြီ။ နင်ရောဘယ်လိုလဲ။ နင့်ခန္ဓာကိုယ် အခုသက်သာပြီလား"

"သက်သာတာကြာနေပြီ မစိုးရိမ်နဲ့"

"အို နင် မတိုင်ခင်က နင်ကားမတော်တဆဖြစ်ခဲ့တယ်ဆိုတာ ငါ့ကိုမပြောဘူးနော် ငါ တောင်တန်းတွေကနေပြန်ရောက်လာတဲ့အချိန်ကျ နင်ကဆေးရုံဆင်းသွားပြီ"

ရှလုသည် မကျေမနပ်နှင့်ပြော၏။

"အလေးအနက်ထားစမ်းပါ နောက်တစ်ကြိမ်ဆို ငါ့ကိုဖုံးကွယ်ထားဖို့လုံးဝခွင့်မပြုဘူးနော်"

"ငါက နင်အလုပ်များနေတယ်လို့ ထင်နေလို့ပါ ပြီးတော့ ဒါကလည်းအရေးကြီးကိစ္စမဟုတ်ပါဘူး။ ငါနင့်ကို သွားလိုက်ပြန်လိုက်နဲ့ မပင်ပန်းစေချင်လို့ပါ"

"ငါဂရုမစိုက်ဘူး နောင်အနာဂတ်မှာ နင်ဒီလိုမလုပ်နဲ့။ အားယင်းကိုတော့ပြောပြပြီး ငါ့ကျတော့မပြောဘူး။ နင်အရမ်းဘက်လိုက်တာပဲ"

စူးကျင်းပေသမ်းရင်း အိပ်ရာကထလိုက်၏။

"မတူဘူးလေ အားယင်းက အဲ့ဒီအချိန်တုန်းက တမြို့ထဲမှာလေ"

"ဟမ့် ရှင်းပြစရာမလိုပါဘူး။ နင်အခုဘယ်မှာလဲ"

"ပေကျင်းမှာ"

"ဘာ"

ရှလုသည် အံ့ဩတကြီးဖြင့်
"နင်ပေကျင်းမှာ ငါလည်းပေကျင်းမှာပဲ"

စူးကျင်းပေ ပြုံး၍
"ယို့ တိုက်ဆိုင်လိုက်တာ ဘေဘီ လာ တွေ့ကြရအောင်"

"အိုကေ နင်ဘယ်မှာလဲ ငါနင့်ဆီလာခဲ့မယ်"

"ငါက...."

စူးကျင်းပေ တန့်သွား၏။ ကျိုးအိမ်တော်တွင်ရောက်နေသည်ကိုသတိရသွားသည့်အတွက် သူငယ်ချင်းတွေနှင့်တွေ့ရန်မှာမသင့်တော်ပေ။ ထို့ကြောင့် သူမပြောလိုက်သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now