Chapter-98

3.2K 337 2
                                    



ကလေးတွေရပ်သွားသည်။

"မင်းတို့ရှောင်ယွမ်ကိုသိလား"

စူးကျင်းပေသည် မိုးရေထဲမှာသူမအသံကိုကြားအောင် အော်ပြောလုနီးပါးပင်။

"ရှောင်ယွမ်? သိတယ် သူကသားရဲ့အတန်းဖော်"

ကလေးတွေထဲတစ်ယောက်ကပြော၏။ စူးကျင်းပေမျက်လုံးတွေတောက်ပသွားလေသည်။

"ဒါဆို သူဘယ်မှာလဲဆိုတာရောသိလား"

"အမ်..မသိဘူး၊ ကျောင်းဆင်းတော့ သူ ယန်ယန်နဲ့အတူသွားတာပဲသိတာ"

"ယန်ယန်ကဘယ်သူလဲ၊ သူ့အိမ်ကရောဘယ်မှာလဲ"

"ယန်ယန်ကလည်းသားတို့အတန်းဖော်ပဲ ပြီးတော့ သူ့အိမ်ကအရှေ့နားတင်

"အရှေ့နားတင်"

စူးကျင်းပေသည် သူမကိုယ်သူမ ကျေနပ်မှုအပြည့်ရှိသွားသလိုခံစားလိုက်ရသည်။

"အာ မမကိုအဲ့ဒီကိုခေါ်သွားပေးလို့ရမလား၊ သူ့မိသားစုကသူ့ကိုရှာနေကြလို့ပါ"

ကလေးတွေသည် တစ်ယောက်နဲ့တစ်ယောက်အကြည့်ဖလှယ်လိုက်ကြသည်။

"ဟုတ်ကဲ့ပါ ဒါဆို"

စူးကျင်းပေ သက်ပြင်းဖွဖွချလိုက်၏။ သူ့ကိုရှာတွေ့ဖို့ သူမအရမ်းနီးစပ်နေပြီ။ စူးကျင်းပေသည် ယန်ယန်အိမ်သို့ကလေးတွေနောက်ကနေလိုက်လာခဲ့သည်။ ကလေးတွေသည် ကျောက်ဆောင်ကျောက်ခဲတွေနှင့်ပြည့်နေသောတောင်ကြားလမ်းတွေကို အကျင့်ဖြစ်နေတာကြောင့် စူးကျင်းပေကသူမအားအကုန်သုံးပြီး သူတို့ကိုလိုက်မှီအောင်လုပ်နေစဉ် သူတို့တွေသည် စူးကျင်းပေထက်ပိုမိုလျင်မြန်စွာတက်သွားကြလေသည်။

"ဟေ့ ကလေး မင်းပြောတာရှေ့နားလေးတင်ပဲလို့ ငါထင်နေခဲ့တာ"

တောင်ထိပ်ကနေ ကလေးတွေသည် တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြ၏။ သူတို့က နေ့စဉ်နေ့တိုင်း လမ်းအများကြီးလျှောက်ရသည်။ ကျောင်းရောက်ရန် တောင်တွေနဲ့မြစ်တွေကိုဖြတ်၍ခြေကျင်လျှောက်ရတာကြောင့် ဒီအကွာအဝေးလောက်ကို ဝေးသည်ဟု သူတို့မထင်ခဲ့ပေ။

သို့ပေမဲ့ စူးကျင်းပေကတော့ ဒီအချက်ကိုထည့်မစဉ်းစားဘဲ သူတို့ကအရှေ့နားလေးတင်ပဲဟုပြောလာသောအခါ ရိုးရိုးစင်းစင်းပဲတွေးလိုက်သည်။ တစ်နာရီခွဲကြာပြီးနောက် သူမတကယ်ပဲနောင်တရလာခဲ့သည်။

Intense Love ( ဘာသာပြန် )Where stories live. Discover now