Chapter-27

3.6K 373 1
                                    


ကျိုးရှစ်ယွင်သည် အပြင်ဘက်တွင်စောင့်နေ၏။ စူးကျင်းပေအပြင်ထွက်လာတော့ သူက လင်ချင်းဝေ့ပို့ထားသည့် ဆေးမှတ်တမ်းတစ်ခုကိုကြည့်နေခဲ့သည်။

"သခင်လေး"

ဘေးနားမှအိမ်တော်ထိန်းသည် သူ့ကိုသတိပေးကာ ကျိုးရှစ်ယွင်သည် သူမအားလှည့်ကြည့်လိုက်၏။ နားနေခန်းထဲတွင်တိတ်ဆိတ်သွားပြီး သူမတဖြည်းဖြည်းလျှောက်လာသောအခါ  အနားမှဝန်ထမ်းနှင့်အိမ်တော်ထိန်းသည် စူးကျင်းပေအားကြည့်နေလေသည်။

အရှေ့မှအမျိုးသမီးသည် ကော်လံထောင်အင်္ကျီ၀တ်ဆင်ထားပြီး သူမ၏သေးသွယ်ပါးလွှာသော ငန်းလည်တိုင်ကို ပြသထားသည်။ ခြေတံနှစ်ဖက်စလုံးတွင် အကွဲကြောင်းတစ်ခုစီရှိပြီး သူမ ဆွဲဆောင်မှုရှိရှိလျှောက်လာချိန်တွင် ဖြူဖျော့ပြီးသွယ်လျကျစ်လျစ်သော ခြေထောက်များကို ပေါ်လွင်စေသည်။ နူးညံ့သိမ်မွေ့သော Cheongsam သည် လှပပြီးတင့်တယ်ခမ်းနားသောစူးကျင်းပေနှင့်လိုက်ဖက်သည်။ ထိုခဏတွင် သူမသည် စွဲမက်ဖွယ်ကောင်းပြီး ဂုဏ်ကျက်သရေကြီးမား၏။ သူမ အသက်ရှုလိုက်တိုင်း ပြိုင်ဘက်ကင်းသောကျက်သရေ ဖြာထွက်နေ၏။

ပြောရရင် ဒီဇိုင်နာနှင့်မိတ်ကပ်ဆရာနှစ်ယောက်လုံးသည် အကောင်းဆုံးလုပ်ခဲ့သည်။ သို့သော် စူးကျင်းပေ၏လှည့်စားတက်သည့်ပုံရိပ်နှင့်မျက်နှာဟာ ဣန္ဒြေသိက္ခာကြီးသည့်မိန်းမတစ်ယောက်ပုံစံဝတ်စားဖို့ မသင့်တော်ပေ။

"ကျွန်မ အရင်က Cheongsam မဝတ်ဖူးဘူး။ တော်တော်လှတယ်လို့ခံစားရတယ်"

စူးကျင်းပေသည် ကျိုးရှစ်ယွင်အား "ဒါဆို ရှင်ကျေနပ်လား"

ကျိုးမိသားစုမှအမျိုးသမီးများသည် တခါတရံ Cheongsam ဝတ်လေ့ရှိသည်။ ကျိုးရှစ်ယွင်ဟာ မြင်နေကျပင်။ သို့ပေမဲ့ ဒီတစ်ကြိမ်တွင် သူသည် အမှန်တကယ် တစုံတရာစိတ်ရှုပ်ထွေးသွားသည်။

ရှေးရိုးဆန်! သူ တွက်ချက်မှုမှားယွင်းခဲ့သော်ငြား ရိုးရာအဝတ်အစားများပင် သူမ၏ပုံသဏ္ဍာန်ကို မဖုံးကွယ်နိုင်ခဲ့ပေ။ ထိုကဲ့သို့သော Cheongsam သည် သူမ၏ အမျိုးသမီးအလှအပ၊ သေးသွယ်သောခါးလိုင်းနှင့် သူမ၏ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နှင့်ပြည့်စုံနေသောကောက်ကြောင်းများကို ပို၍ထင်ရှားစွာ ပြသနေသည်။ ကျိုးရှစ်ယွင်သည် အားကိုးရာမဲ့ ဖြစ်နေ၏။ ဤအမျိုးသမီးသည် တကယ့်ပဟေဠိပုစ္ဆာတစ်ပုဒ်ပင်။

Intense Love ( ဘာသာပြန် )Where stories live. Discover now